Marvel Studios ကနေ WandaVision (2021) ရဲ့ အဆက်အဖြစ် ထုတ်လွှင့်ခဲ့တဲ့ Agatha All Along ဟာ Marvel ရဲ့ ပုံမှန် ဇာတ်ကားတွေနဲ့မတူဘဲ စုန်းကဝေအတတ်၊ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စိတ်မကောင်းစရာ အလှည့်အပြောင်းတွေကို ပေါင်းစပ်ထားတဲ့ Dark-Fantasy & Mystery စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။

WandaVision အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းစတာပါ။ Wanda ရဲ့ ပိတ်လှောင်မှော်မန္တန်အောက်မှာ ရဲအရာရှိ Agnes အဖြစ် စိတ်ထင်ယောင်မှားနေတဲ့ Agatha ဟာ ဆယ်ကျော်သက်လူငယ်လေး "Teen" ရဲ့ အကူအညီနဲ့ သတိပြန်ရလာပါတယ်။ ဒါပေမဲ့ သူမမှာ မှော်စွမ်းအားတွေ မရှိတော့ပါဘူး။

သူမရဲ့ မှော်စွမ်းအားတွေ ပြန်ရဖို့အတွက် အန္တရာယ်ကြီးမားလှတဲ့ Witches' Road ကို ဖြတ်သန်းရမှာဖြစ်ပြီး၊ အဲ့ဒီလမ်းကို ဖွင့်ဖို့အတွက် မတူညီတဲ့ ပညာရပ်အသီးသီးက စုန်းမတွေကို စုဆောင်းပြီး စုန်းအဖွဲ့ တစ်ခု တည်ဆောက်ကာ စိန်ခေါ်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ရပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။

WandaVision ရဲ့ ဆန်းသစ်တဲ့ အငွေ့အသက်ကို ကြိုက်နှစ်သက်သူတွေ၊ Marvel ရဲ့ အကုန်အကျများတဲ့ စူပါဟီးရိုး ပုံစံခွက်တွေထဲကနေ ခွဲထွက်ပြီး ပဟေဠိဆန်ဆန်၊ Dark-Fantasy ဆန်ဆန် စုန်းကဝေ လျှို့ဝှက်ချက်တွေကို အကွက်စိပ်စိပ်နဲ့ ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Series ကားကောင်းတစ်ခု ဖြစ်ပါတယ်။

My Rating: 8.3 / 10

AP