ဇာတ်လမ်းကတော့ သမီးဖြစ်သူ Min-ji ကို တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်နေပြီး သာမန်ဘဏ်ဝန်ထမ်းတစ်ဦးအဖြစ် အေးအေးဆေးဆေး နေထိုင်နေတဲ့ Manager Kim (So Ji-sub) ကနေ စတင်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သမီးဖြစ်သူ ပျောက်ဆုံးသွားတဲ့အခါ... သူ ဖုံးကွယ်ထားတဲ့ မြောက်ကိုရီးယား/တောင်ကိုရီးယား လျှို့ဝှက်အေးဂျင့်ဟောင်းဘဝက ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်တွေကို ပြန်ထုတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ တစ်ကိုယ်တော် စစ်ပွဲနွှဲပါတော့တယ်။
မင်းသား So Ji-sub က ဒီကားမှာ Hollywood ရဲ့ Taken ထဲက Liam Neeson လို "သမီးကိုထိရင် အကုန်သတ်မယ့်" အဖေအဖြစ် အမိုက်စား သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ခန့်ညားပြီး တည်ငြိမ်တဲ့ ပုံစံနောက်က ပေါက်ကွဲထွက်လာတဲ့ အက်ရှင်ကွက်တွေက တကယ့်ကို ကြည့်လို့ကောင်းပါတယ်။
My Rating: 8.5/10
AP
Comments: