ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နိုင်ငံ Dunkirk ကမ်းခြေမှာ ပိတ်မိနေတဲ့ မဟာမိတ်စစ်သည် ၄ သိန်းနီးပါးကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရတဲ့ အစစ်အမှန် သမိုင်းကြောင်း (Operation Dynamo) ကို အခြေခံထားတာပါ။
ဒီကားမှာ Dialogue အနည်းဆုံးဖြစ်အောင် ဖြတ်တောက်ထားပါတယ်။ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်း ကိုလည်း အချိန်ပေး မရှင်းပြတော့ဘဲ ပရိသတ်ကို စစ်မြေပြင်ထဲ တိုက်ရိုက်ပစ်ထည့်လိုက်သလို ခံစားရစေပါတယ်။
အော်စကာဆုတွေ သိမ်းကျုံးရရှိခဲ့တဲ့ Sound Design နဲ့ တေးရေးဆရာ Hans Zimmer ရဲ့ နောက်ခံတေးဂီတဟာ ဒီကားရဲ့ အသက်ပါ။ နာရီလက်တံ တောက်တောက် တောက်တောက် သံကို တစ်ကားလုံး နီးပါး သုံးထားပြီး ရန်သူ ဘယ်အချိန် ရောက်လာမလဲဆိုတဲ့ သောကနဲ့ ဖိအားကို ပရိသတ်ရင်ထဲ အပြည့်အဝ ရောက်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
Nolan ဟာ CGI အလွန်အကျွံသုံးတာကို သဘောမကျတဲ့အတွက် တကယ့် ဒုတိယကမ္ဘာစစ်သုံး ဖျက်သင်္ဘောတွေ၊ တိုက်လေယာဉ် အစစ်တွေကို သုံးပြီး IMAX ကင်မရာတွေနဲ့ ရိုက်ကူးခဲ့တာပါ။ ဒါကြောင့် လေယာဉ်ချင်း ပစ်ခတ်တဲ့အခန်းတွေ၊ သင်္ဘောနစ်တဲ့ အခန်းတွေဟာ အရမ်းကို သဘာဝကျပြီး ကြည့်ရှုသူကို ရုပ်ရှင်ထဲ မျောပါသွားစေပါတယ်။
စစ်ပွဲတစ်ခုမှာ ရန်သူ့ကို အပြတ်အသတ် အနိုင်တိုက်နိုင်မှ သူရဲကောင်း မဟုတ်ပါဘူး။ သေမင်းတမန် ကုန်းတွင်းပိတ် မြေပြင်ကနေ "အသက်ရှင်အောင် လွတ်မြောက်လာခြင်း" ကိုယ်၌က အောင်ပွဲတစ်ခု ဆိုတာကို ပေါ်လွင်စေခဲ့တာ ဖြစ်ပါတယ်။
အချုပ်ဆိုရသော် ရိုးရိုးစစ်ကားတွေလို သေနတ်တဒုန်းဒုန်း ပစ်ခတ်တာထက် ရုပ်ရှင်အနုပညာရဲ့ အရသာ ကို အပြည့်အဝ ခံစားချင်သူတွေ၊ Visual နဲ့ Sound အားကောင်းကောင်းနဲ့ စိတ်လှုပ်ရှားစရာ Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Masterpiece ကားတစ်ကား ဖြစ်ပါတယ်။
My Rating: 8.5/10
AP
Comments: