Miss Peregrine's Home for Peculiar Children (2016) ကတော့ ဒါရိုက်တာ Tim Burton ရဲ့ ထုံးစံအတိုင်း မှော်ဆန်ပြီး၊ ထူးခြားဆန်းပြားတဲ့ Dark Fantasy ပုံစံ ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Ransom Riggs ရဲ့ နာမည်ကြီး Best-selling ဝတ္ထုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ အဘိုးဖြစ်သူရဲ့ ထူးဆန်းတဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို လိုက်ရှာရင်း ဘဝမှာ အထီးကျန်နေတဲ့ ကောင်လေး Jake တစ်ယောက် ဝေလနယ်က ကျွန်းစုလေးတစ်ခုဆီ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီမှာ သာမန်လူတွေနဲ့မတူဘဲ ထူးခြားဆန်းပြားတဲ့ စွမ်းရည်ကိုယ်စီရှိကြတဲ့ ကလေးတွေ စုဝေးနေထိုင်ရာ "Miss Peregrine" ရဲ့ ဂေဟာကို ရှာဖွေတွေ့ရှိသွားပါတယ်။

ဒီဂေဟာလေးဟာ ၁၉၄၃ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြဲခံရခါနီး အချိန်ကာလတစ်ခုထဲမှာတင် Time Loop အနေနဲ့ ထာဝရလည်ပတ်ပြီး ပုန်းကွယ်နေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးတွေကို စားသုံးပြီး လူသားပြန်ဖြစ်ချင်နေတဲ့ ကန်နီဘယ်လ် သရဲသဘက်တစ္ဆေကြီးတွေရဲ့ ရန်ကနေ Jake တစ်ယောက် ဒီကလေးတွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

"Miss Peregrine's Home for Peculiar Children" ဟာ စာအုပ်နဲ့ ယှဉ်ရင်တော့ အားနည်းချက်တွေ ရှိနိုင်ပေမဲ့၊ ရုပ်ရှင်သက်သက် standalone အနေနဲ့ ကြည့်မယ်ဆိုရင်တော့ စိတ်ကူးစိတ်သန်း ဆန်းပြားတဲ့ Dark Fantasy, Mystery နဲ့ Time-loop အမျိုးအစားတွေကို ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating 7.5/10

AP