ဇာတ်လမ်းက ကိုပင်ဟေဂင်မြို့ရဲ့ ဆင်ခြေဖုံး ကစားကွင်းတစ်ခုမှာ အမျိုးသမီးတစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရရာကနေ စတင်ပါတယ်။ အဲ့ဒီ လူသတ်မှုဖြစ်ပွားတဲ့ နေရာမှာ ထူးထူးဆန်းဆန်း ကလေးတွေ လုပ်လေ့ရှိတဲ့ သစ်အယ်သီးနဲ့ လုပ်ထားတဲ့ အရုပ်လေး (Chestnut Man) တစ်ရုပ်ကို လူသတ်သမားက ချန်ထားခဲ့ပါတယ်။
ပိုပြီး တုန်လှုပ်စရာကောင်းတာက အဲ့ဒီ သစ်အယ်သီးရုပ်လေးပေါ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ပြန်ပေးဆွဲခံရပြီး သေဆုံးသွားပြီလို့ ယူဆထားတဲ့ နိုင်ငံရေးသမား အမျိုးသမီးကြီး (လူမှုရေးဝန်ကြီး) Rosa Hartung ရဲ့ သမီးဖြစ်သူရဲ့ လက်ဗွေရာကို သွားရောက် စစ်ဆေးတွေ့ရှိရတာပါပဲ။ ဒီအမှုကို စုံစမ်းဖို့အတွက် စုံထောက် Naia Thulin နဲ့ ဟေဂ်မြို့ကနေ ခေတ္တပြောင်းလာတဲ့ စုံထောက် Mark Hess တို့ ပူးပေါင်းပြီး ကွင်းဆက်လူသတ်သမား ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို လိုက်လံဖော်ထုတ်ကြရပါတော့တယ်။
အပိုင်း ၆ ပိုင်းတည်းနဲ့ ဇာတ်လမ်းကို အလွန်ကျစ်လျစ်အောင် ဖွဲ့စည်းထားပြီး၊ အပိုင်းတိုင်းရဲ့ အဆုံးမှာ ပဟေဠိအသစ်တွေကို ချန်ထားခဲ့တာကြောင့် တစ်ထိုင်တည်းနဲ့ အပြီးကြည့်ချင်စိတ် ဖြစ်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဥရောပဆန်ဆန် မှိုင်းမှိုင်းညို့ညို့နဲ့ သွေးအေးအေး ရက်စက်တတ်တဲ့ ကွင်းဆက်လူသတ်သမား စုံထောက်ကားမျိုးကို ရှာဖွေနေတယ်ဆိုရင် The Chestnut Man ဟာ မိတ်ဆွေတို့အတွက် လုံးဝ လက်မလွှတ်သင့်တဲ့ High-quality ရာဇဝတ်မှုခင်း စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။
My Rating: 8.0 / 10
AP
Comments: