၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Heat" ကားဟာ ရဲဟာသာ ဇာတ်ကားတွေထဲမှာတော့ တကယ့်ကို ပေါက်ပြီး လူကြိုက်များခဲ့တဲ့ ကားတစ်ကား ဖြစ်ပါတယ်။ မင်းသမီးကြီးနှစ်ယောက်ဖြစ်တဲ့ Sandra Bullock နဲ့ Melissa McCarthy တို့ရဲ့ လိုက်ဖက်မှုက ဒီကားရဲ့ အသက်ပဲလို့ ပြောလို့ရပါတယ်။

ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ Sarah Ashburn (Sandra Bullock) က အရမ်းတော်ပေမဲ့ စည်းကမ်းကြီးလွန်းပြီး မာနကြီးတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေ မုန်းနေကြတဲ့ FBI အေးဂျင့်တစ်ယောက်ပါ။ သူမဟာ ရာထူးတိုးဖို့အတွက် Boston မြို့မှာရှိတဲ့ မူးယစ်ရာဇာတစ်ယောက်ကို ဖမ်းဆီးဖို့ တာဝန်ပေးခြင်းခံရပါတယ်။

အဲဒီမှာ သူမနဲ့ သွားတိုးတာကတော့ Boston ရဲဌာနက Shannon Mullins (Melissa McCarthy) ပါ။ Mullins ကတော့ Ashburn နဲ့ လုံးဝဆန့်ကျင်ဘက်၊ ပါးစပ်သရမ်းပြီး စည်းကမ်းမရှိ၊ လူမိုက်ဆန်ဆန် ကြမ်းကြမ်းရမ်းရမ်း ဖြေရှင်းတတ်တဲ့ ဒေသခံရဲမေတစ်ယောက် ဖြစ်ပါတယ်။ စရိုက်ချင်း လုံးဝမတူတဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး မူးယစ်ဂိုဏ်းကို ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ရယ်မောဖွယ် စောင့်ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။

အကယ်၍ သင်က ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့် Action-Comedy ကားမျိုးကို ရှာနေတယ်၊ မင်းသမီးနှစ်ယောက်ရဲ့ အလွဲတွေကို ကြည့်ချင်တယ်ဆိုရင်တော့ The Heat က လုံးဝလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

My Rating: 6.5/10

AP