၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Mummy ရုပ်ရှင်ဟာ Adventure ၊ Fantasy၊ Action နဲ့ Horror ရသစုံကို အချိုးကျကျ ရောစပ်ပြီး ရုပ်ရှင်သမိုင်းမှာ ယနေ့အထိ နေရာယူထားဆဲဖြစ်တဲ့ ဂန္ထဝင် ဇာတ်ကားကြီး ဖြစ်ပါတယ်။

ဇာတ်လမ်းက ဘီစီ ၁၂၉၀ အီဂျစ်ပြည်ကနေ စတင်ပါတယ်။ ဖာရိုဘုရင်ရဲ့ မိဖုရား Anck-su-namun နဲ့ လျှို့ဝှက်ဇာတ်လမ်းရှိခဲ့တဲ့ ပရောဟိတ်ဆရာကြီး Imhotep ဟာ ဘုရင်ကြီးကို လုပ်ကြံခဲ့လို့ အရှင်လတ်လတ် Hom Dai ကျိန်စာပေးပြီး သေတ္တာထဲ ထည့်ပိတ်ခြင်း ခံခဲ့ရပါတယ်။

နှစ်ပေါင်း ၃၀၀၀ ကြာပြီးနောက် ၁၉၂၃ ခုနှစ်မှာတော့ စွန့်စားသူ လူကြမ်းကြီး Rick O'Connell ၊ စာကြည့်တိုက်မှူးလေး Evelynနဲ့ သူမရဲ့ အစ်ကို Jonathan တို့တစ်စုဟာ ရှေးဟောင်းအီဂျစ်မြို့တော် Hamunaptra (သေလွန်သူတို့မြို့တော်) ဆီကို ရတနာနဲ့ သမိုင်းမှတ်တမ်းတွေ ရှာဖွေဖို့ ရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ မတော်တဆBook of the Dead ကို ဖတ်မိရာကနေ ကျိန်စာသင့်နေတဲ့ မံမီကြီး Imhotep နိုးထလာပြီး ကမ္ဘာကြီးကို ကပ်ဘေးသင့်စေမယ့် အန္တရာယ်ကြီး စတင်ပါတော့တယ်။

၁၉၉၉ ခုနှစ်က ထွက်ခဲ့တာဖြစ်ပေမဲ့ ဒီကားထဲက CGI တွေဟာ အတော်လေးကို အဆင့်မြင့်ပါတယ်။ သဲမုန်တိုင်းကြီးထဲကနေ Imhotep ရဲ့ မျက်နှာကြီး ပေါ်လာပုံ၊ တဖြည်းဖြည်း ခန္ဓာကိုယ် အသားအရေ ပြန်ပြည့်လာတဲ့ မံမီရုပ်ထွက်တွေဟာ အဲ့ဒီခေတ်က အရမ်းကို ခေတ်ရှေ့ပြေးခဲ့တာပါ။

အီဂျစ်ပိရမစ်၊ မံမီကျိန်စာ စတဲ့ Fantasy Mystery တွေကို မိသားစုလိုက်ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ ပျော်ပျော်ပါးပါးကြီး ခံစားချင်တဲ့ မိတ်ဆွေတို့အတွက် The Mummy (1999) ဟာ ဘယ်တော့မှ လက်လွတ်မခံသင့်တဲ့ All-time Classic Masterpiece ကြီး ဖြစ်ပါတယ်။

My Rating: 8.8 / 10

AP