The Simpsons
ဆိုတဲ့ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီးသား ကမ္ဘာကျော် Animated Sitcom ကို ၂၀၀၇ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ပုံဖော်ခဲ့တာကတော့ The Simpsons Movie ပဲ ဖြစ်ပါတယ်။

စီးရီးရဲ့ ထုံးစံအတိုင်းပဲ အမေရိကန် လူမှုပတ်ဝန်းကျင်နဲ့ နိုင်ငံရေးကို ခနဲ့တဲ့တဲ့ ဟာသတွေ၊ မိသားစု သံယောဇဉ်တွေနဲ့အတူ ဒီရုပ်ရှင်မှာတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပြဿနာကို အကြီးစား ဇာတ်အိမ်အဖြစ် ချဲ့ထွင်ပြီး ရိုက်ကူးသွားခဲ့ပါတယ်။

ဇာတ်လမ်းက ပုံမှန် Springfield မြို့လေးမှာပဲ စတာပါ။ မြို့ခံတွေဟာ မြို့က ရေကန်ကြီးကို မညစ်ညမ်းအောင် ကာကွယ်နေကြပေမဲ့၊ အမြဲတမ်း ပြဿနာရှာတတ်တဲ့ ဖခင်ဖြစ်သူ Homer Simpson ကတော့ အိမ်မွေးဝက်ကလေးရဲ့ မစင်တွေကို ရေကန်ထဲ သွားသွန်ပစ်လိုက်ရာကနေ ကန်ရေတွေ အဆိပ်သင့်ပြီး မြို့ကြီးတစ်ခုလုံး သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါတော့တယ်။

အခြေအနေ ဆိုးဝါးလွန်းလို့ အမေရိကန်အစိုးရရဲ့ EPA (ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့) က Springfield မြို့ကြီးကို မှန်လုံအမိုးခုံးကြီးနဲ့ အုပ်ပြီး ကမ္ဘာကြီးနဲ့ ဖြတ်တောက်လိုက်ပါတော့တယ်။ မြို့သူမြို့သားတွေရဲ့ ရန်ကနေ လွတ်အောင် လျှို့ဝှက်ထွက်ပြေးရတဲ့ Simpson မိသားစုရဲ့ အားထုတ်မှု၊ မြို့ကလေးကို ဖျက်ဆီးမယ့်အန္တရာယ်ကနေ Homer တစ်ယောက် ပြန်လည်ကယ်တင်ဖို့ ကြိုးစားပုံတွေကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်။

ပြောရရင် The Simpsons စီးရီးကို တစ်ခါမှ မကြည့်ဖူးသူပဲဖြစ်ဖြစ်၊ ကာလရှည် Die-hard Fan ပဲဖြစ်ဖြစ် ဘာ Background Knowledge မှ ရှိစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ တဟားဟား ရယ်မောကြည့်ရှုနိုင်မယ့် Comedy/Animation ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating :7.5/10

Ap