ဇာတ်လမ်းကတော့ လူသားတွေ၊ စုန်းမတွေ၊ လျှို့ဝှက်ဆန်းပြားတဲ့ သတ္တဝါတွေနဲ့ ဘီလူးသရဲတစ္ဆေတွေ ပြည့်နှက်နေတဲ့ "The Continent" လို့ခေါ်တဲ့ ကမ္ဘာကြီးထဲမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ကောင်သုံးယောက်ဖြစ်တဲ့:
Geralt of Rivia (The Witcher): ပိုက်ဆံရရင် ဘီလူးတွေကို လိုက်လံနှိမ်နင်းပေးတဲ့၊ မျိုးဗီဇပြုပြင်ထားတဲ့ လူစွမ်းကောင်း။
Yennefer of Vengerberg: အတိတ်က နာကျင်စရာတွေ ရှိခဲ့ပြီး အစွမ်းထက်တဲ့ စုန်းမတစ်ဦး ဖြစ်လာသူ။
Princess Ciri: ကံကြမ္မာရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ စွမ်းအားတွေ ပါလာပြီး တိုင်းပြည်ပျက်လို့ ထွက်ပြေးနေရတဲ့ မင်းသမီးလေး။
ဒီဇာတ်ကောင်သုံးယောက်ရဲ့ ကံကြမ္မာတွေ ဘယ်လို ရစ်ပတ်နှောင်ဖွဲ့မိသွားလဲဆိုတာကို အဓိက ပုံဖော်ထားပါတယ်။
he Witcher (2019) ဟာ Game of Thrones လိုမျိုး နိုင်ငံရေးအရှုပ်အထွေးတွေထက် Fantasy ဆန်ဆန် ကြည့်ရတာကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲပါ။ Timeline ရှုပ်တာလေးကို သည်းခံပြီး သေချာလိုက်ကြည့်ရင် Season တစ်ခုလုံး ပြီးသွားတဲ့အခါ ဇာတ်ကားရဲ့ World-building ကို သဘောကျသွားပါလိမ့်မယ်။ အကြံပြုချက်: ပထမ ၃ ပိုင်းလောက်မှာ Timeline တွေ လှည့်စားတာကို သတိထားပြီး ကြည့်ပေးဖို့ လိုပါလိမ့်မယ်။ Fantasy ကားကောင်း ကြိုက်တတ်ရင်တော့ မလွတ်တမ်း ကြည့်သင့်တဲ့ Series ပါ။
My Rating :8/10
AP
Comments: