ဒီ Documentary ဟာ သာမန် ဂျာနယ်လစ်ဇင်ကားတွေလို ဂြိုဟ်တွေအကြောင်း၊ ကြယ်တွေအကြောင်း လောက်ပဲ ပြသသွားတာ မဟုတ်ပါဘူး။ အပိုင်းတစ်ခုစီတိုင်းမှာ လူသားတွေ ကမ္ဘာဦးအစကတည်းက စူးစမ်းခဲ့ကြတဲ့ အောက်ပါမေးခွန်းကြီးတွေကို ခေါင်းစဉ်တပ်ပြီး အဖြေရှာထားတာ ဖြစ်ပါတယ်-
စကြဝဠာနှင့် အချိန်: "အချိန်ဆိုတာ တကယ်ပဲ ရှိတာလား"၊ "အလင်းထက် မြန်အောင် သွားလို့ရမလား"၊ "Black Hole ထဲမှာ ဘာရှိလဲ"။
သက်ရှိနှင့် ဖန်ဆင်းရှင်: "ကျွန်တော်တို့ကို ဖန်ဆင်းခဲ့တဲ့ အရာတစ်ခု ရှိသလား"၊ "စကြဝဠာထဲမှာ ကျွန်တော်တို့ သက်ရှိတွေပဲ ရှိနေတာလား"။
လူသားတို့၏ စိတ်အခြေအနေ: "သေပြီးနောက် ဘဝဆိုတာ ရှိသလား"၊ "ကျွန်တော်တို့ရဲ့ အတွေးတွေကို တခြားသူက ထိန်းချုပ်လို့ ရမလား"။ စတာတွေကိုပဲဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ ကျွန်တော်တို့ကို "အဖြေတစ်ခုတည်း" ကိုပဲ ဇွတ်အတင်း မပေးပါဘူး။ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေရဲ့ မတူညီတဲ့ အမြင်တွေ၊ ဆန့်ကျင်ဘက် သီအိုရီတွေကို ချပြပြီး ကြည့်ရှုသူ ပရိသတ်ကို ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆက်စပ်တွေးတောဖို့ တွန်းအားပေးတဲ့ အစီအစဉ်မျိုး ဖြစ်ပါတယ်။
My Rating: 9.0 / 10
AP
Comments: