ဒါပေမဲ့ ထူးခြားတာက အပိုင်း ၁၊ ၂၊ ၃ တွေဟာ ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၀ ခုနှစ်တွေက အမေရိကန် Sitcom တွေရဲ့ ပုံစံအတိုင်း အဖြူအမည်းရုပ်ထွက်တွေ၊ နောက်ခံ ပရိသတ်ရယ်သံတွေနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အပိုင်းတစ်ခုစီတိုင်းမှာ ခေတ်တွေက ရှေ့ကို တိုးတိုးလာပြီး I Love Lucy, Bewitched ကနေ Modern Family ခေတ်အထိ Sitcom ပုံစံမျိုးစုံကို ပြောင်းလဲအသုံးပြုသွားတာဟာ ရုပ်ရှင်ချစ်သူတွေအတွက် အရမ်းကို အားရစရာ ကောင်းပါတယ်။ ကြည့်နေရင်းနဲ့ ပရိသတ်တွေ သတိပြုမိလာမှာက "Thanos လက်ချက်နဲ့ သေသွားခဲ့တဲ့ Vision က ဘာလို့ အသက်ရှင်နေတာလဲ"၊ "ဒီမြို့ကြီးက ဘာလို့ ဒီလိုဖြစ်နေတာလဲ" ဆိုတဲ့ မေးခွန်းတွေပါပဲ။
ဒီ Sitcom ကမ္ဘာကြီးရဲ့ နောက်ကွယ်မှာ တစ်ခုခု လွဲမှားနေပြီဆိုတဲ့ အရိပ်အယောင် (Clues) လေးတွေကို အပိုင်းတိုင်းမှာ လျှို့ဝှက်သည်းဖို (Thriller) ဆန်ဆန် ထည့်သွင်းပေးထားပြီး၊ ဇာတ်လမ်းအလယ်လောက်မှာတော့ Westview မြို့ပြင်က လက်ရှိအစစ်အမှန် ကမ္ဘာကြီးနဲ့ ချိတ်ဆက်မိသွားတဲ့အခါ ဇာတ်ရှိန်က သိသိသာသာ မြင့်တက်ပြီး ပဟေဠိတွေ တစ်ခုချင်းစီ ပွင့်ထွက်လာပါတယ်။
ဒီ Series က Marvel ရဲ့ ထွက်သမျှ ဇာတ်လမ်းတွဲတွေထဲမှာ အိုင်ဒီယာအဆန်းသစ်ဆုံး၊ ဇာတ်ညွှန်းအတောင့်တင်းဆုံး စီးရီးတစ်ခုဖြစ်လို့ Mystery Drama ဆန်ဆန် ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။
My Rating: 8.5 / 10
AP
Comments: