Amazon Prime Video ကနေ ၂၀၂၆ ခုနှစ်အတွင်းမှာ အသစ်စက်စက် ထုတ်လွှင့်ပြသလိုက်တဲ့ Young Sherlock Season ဟာ ကျွန်တော်တို့ ရိုးအီနေအောင် သိပြီးသား ဂန္ထဝင် စုံထောက်ကြီး ရှာလော့ဟုမ်းစ်ရဲ့ ပုံစံကို ခွဲထွက်ပြီး၊ ခေတ်သစ်ရုပ်ရှင်အနုပညာနဲ့ လန်းလန်းဆန်းဆန်း ပုံဖော်ထားတဲ့ Mystery Action-Adventure စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းက ကျွန်တော်တို့ မြင်တွေ့နေကျ အသက်ကြီးကြီး၊ တည်ငြိမ်ပြီး ဆေးတံသောက်တတ်တဲ့ စုံထောက်ကြီး မဟုတ်သေးပါဘူး။ Oxford တက္ကသိုလ်မှာ ပညာသင်နေတဲ့၊ သွေးပူပြီး စည်းကမ်းမရှိတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်လေး ရှာလော့ဟုမ်းစ် ရဲ့ ဘဝအစကို ပြသထားတာပါ။
xford တက္ကသိုလ်မှာ လူသတ်မှုတစ်ခု ဖြစ်ပွားပြီး၊ အဲ့ဒီလူသတ်မှုမှာ စွပ်စွဲခံရတဲ့အခါ... ရှာလော့ဟာ တကယ့် တရားခံအစစ်ကို ဖော်ထုတ်ဖို့အတွက် စုံထောက်ဘဝကို စတင်ခြေချပါတော့တယ်။ ဒီဇာတ်လမ်းမှာ သူဟာ အမှားအယွင်းတွေ လုပ်တတ်သေးသလို၊ စိတ်ခံစားချက်နောက်ကို လိုက်တတ်သေးတဲ့ "လူငယ်" တစ်ယောက်အဖြစ် မြင်တွေ့ရတာက ပရိသတ်အတွက် အမြင်သစ် ဖြစ်စေပါတယ်။
ခြုံပြောရရင် Young Sherlock ဟာ ဂန္ထဝင်ဇာတ်ကောင်တစ်ခုကို Generation အသစ်၊ ပုံစံသစ်နဲ့ Reimagined လုပ်ထားတဲ့ အားထုတ်မှုတစ်ခု ဖြစ်ပါတယ်။ စုံထောက် Mystery ကိုမှ အိုင်ဒီယာလန်းလန်း၊ ရုပ်ထွက်မိုက်မိုက်နဲ့ ကြည့်ချင်တဲ့ မိတ်ဆွေတို့အတွက် ယခု ၂၀၂၆ မှာ မဖြစ်မနေ ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုအဖြစ် ညွှန်းဆိုပါရစေ။
My Rating: 7.8 / 10
AP
Comments: