Your Friendly Neighborhood Spider-Man ဟာ Marvel Studios ကနေ Disney+ ပေါ်မှာ ထုတ်လွှင့်ပြသလိုက်တဲ့ Animated စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သိထားတဲ့ MCU ထဲက ပင့်ကူလူသားရဲ့ ပုံစံခွက်ထဲကနေ ခွဲထွက်ပြီး၊ ပရိသတ်တွေကို အသစ်အဆန်းဖြစ်စေမယ့် Alternative Timeline တစ်ခုဆီ ခေါ်ဆောင်သွားမယ့် Action-Adventure Animation ကားကောင်း ဖြစ်ပါတယ်။
ဇာတ်လမ်းက ပီတာပါကာ အထက်တန်းကျောင်းသားဘဝ ပင့်ကူကိုက်ခံရပြီး စွမ်းအားတွေ စတင်ရရှိလာတဲ့ အစဦးပိုင်းကာလ (Origin Story) ကို ပြန်လည်ပုံဖော်ထားတာပါ။
ဒါပေမဲ့ ထူးခြားချက်က Captain America: Civil War တုန်းကလို ပီတာပါကာရဲ့ လမ်းပြ Mentor က Tony Stark (Iron Man) မဟုတ်တော့ဘဲ၊ Marvel ရဲ့ နာမည်ကြီးဗီလိန် Norman Osborn (Green Goblin) ဖြစ်နေတာပါပဲ။ Norman Osborn က ပီတာ့ရဲ့ ပါရမီကို သဘောကျပြီး သူ့ရဲ့ နည်းပညာတွေနဲ့ ပင့်ကူလူသားဖြစ်အောင် နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့အတွက်... ပီတာ့ရဲ့ဘဝဟာ ကျွန်တော်တို့ မြင်တွေ့နေကျ ထက် ပိုပြီး ရှုပ်ထွေး လျှို့ဝှက်ဆန်းကြယ်တဲ့ လမ်းကြောင်းဆီ ရောက်ရှိသွားပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
"စွမ်းအားကြီးရင် တာဝန်ကြီးတယ်" ဆိုတဲ့ မူရင်းဆောင်ပုဒ်အတိုင်း... လူငယ်လေးတစ်ယောက်က မိသားစု၊ ပညာရေး၊ သူငယ်ချင်းတွေကြားထဲမှာ ရုန်းကန်ရင်းနဲ့ တစ်ဖက်ကလည်း မြို့ပတ်ဝန်းကျင်က လူတွေကို ကူညီတတ်တဲ့ "မိတ်ဆွေကောင်း ပင့်ကူလူသား" (Friendly Neighborhood) ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အပြစ်ကင်းစင်တဲ့ စရိုက်ကို အဓိက Highlight လုပ်ထားတာ ဖြစ်ပါတယ်။
My Rating: 8.0 / 10
AP
Comments: