ဇာတ်လမ်းက ဗြိတိန်နိုင်ငံက ဓာတ်ခွဲခန်းတစ်ခုမှာ တိရစ္ဆာန်အခွင့်အရေးကာကွယ်သူ အဖွဲ့တစ်စုဟာ စမ်းသပ်ခံမျောက်တွေကို အတင်းအဓမ္မ လွှတ်ပေးဖို့ ကြိုးစားရာကနေ... စက္ကန့်ပိုင်းအတွင်း ဒေါသတွေကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေတဲ့ "Rage Virus" စတင်ကူးစက် ပြန့်ပွားသွားပါတော့တယ်။
ဒီဖြစ်ရပ်ဖြစ်ပြီး ၂၈ ရက်အကြာမှာ ပစ္စည်းပို့သမား Jim (Cillian Murphy) ဟာ ဆေးရုံတစ်ခုမှာ သတိမေ့မြော နေရာကနေ ပြန်လည်နိုးထလာခဲ့ပါတယ်။ သူ ဆေးရုံအပြင်ကို ထွက်လာတဲ့အခါမှာတော့ လန်ဒန်မြို့ကြီးတစ်ခုလုံးဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ခြောက်ကပ်လို့ နေပါပြီ။ Jim ဟာ ဗိုင်းရပ်စ်ကြောင့် သွေးရူးသွေးတန်း လိုက်လံကိုက်ခဲနေတဲ့ ကူးစက်ခံ တွေရဲ့ ရန်ကနေ သီသီလေးလွတ်မြောက်ခဲ့ပြီး... လမ်းမှာတွေ့တဲ့ လွတ်မြောက်သူအချို့ ဖြစ်ကြတဲ့ Selena၊ Frank တို့ သားအဖနဲ့ ပူးပေါင်းကာ စစ်တပ်က ထုတ်လွှင့်နေတဲ့ ရေဒီယိုအချက်ပြစခန်းရှိရာ မန်ချက်စတာမြို့ဆီကို အသက်လု ထွက်ပြေးရပါတော့တယ်။ ဒါပေမဲ့ သူတို့ စစ်တပ်စခန်းကို ရောက်တဲ့အခါမှာတော့ ဇွန်ဘီတွေထက် ပိုမိုကြောက်စရာကောင်းတဲ့ "လူသားတွေရဲ့ စိတ်ဓာတ်အမှောင်ဖက်ခြမ်း" နဲ့ ရင်ဆိုင်ရပါတော့တယ်။
28 Days Later (2002) ဟာ သွေးထွက်သံယို Action တွေကိုပဲ အသားပေးထားတာ မဟုတ်ဘဲ၊ ကပ်ဘေးတစ်ခုဖြစ်လာရင် လူသားတွေရဲ့ စရိုက်ဟာ ဘယ်လောက်ထိ ယိုယွင်းပျက်စီးသွားနိုင်လဲဆိုတဲ့ စိတ်ပညာ ကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ Top-Tier Horror Masterpiece တစ်ကား ဖြစ်ပါတယ်။ ဇွန်ဘီ သို့မဟုတ် ကပ်ဘေးကား ကြိုက်သူတွေအနေနဲ့ ဘဝမှာ မဖြစ်မနေ ကြည့်ရှုရမယ့် ဂန္ထဝင်စာရင်းဝင် ဖြစ်ပါတယ်။
My Rating: 7.5/10
AP
Comments: