ဒီကားဟာ Disney ရဲ့ ပထမဆုံးသော သိပ္ပံစိတ်ကူးယဉ် ကာတွန်းဇာတ်လမ်းဖြစ်ပြီး Indiana Jones နဲ့ Jules Verne ရဲ့ Journey to the Center of the Earth တို့ကို ကာတွန်းအဖြစ် ကောင်းကောင်းကြီး ပေါင်းစပ်ပုံဖော်ထားသလိုမျိုး အရသာကို ပေးစွမ်းပါတယ်။
ဇာတ်လမ်းက ၁၉၁၄ ခုနှစ်၊ ဝါရှင်တန်ဒီစီမှာ နေထိုင်တဲ့ Milo Thatch ဟာ ပြတိုက်တစ်ခုက ဘာသာဗေဒပညာရှင်နဲ့ မြေပုံကျွမ်းကျင်သူ လူငယ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ သမိုင်းထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ ဒဏ္ဍာရီလာ Atlantis အင်ပါယာကြီး တကယ်ရှိကြောင်းနဲ့ အဲဒီနေရာဆီ သွားနိုင်မယ့် The Shepherd's Journal ရှိရာကို သက်သေပြဖို့ ကြိုးစားပေမယ့် လူပြောင်စရာ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ သူ့အဖိုးရဲ့ မိတ်ဆွေဟောင်း သူဌေးကြီး Preston Whitmore က ကူညီပေးခဲ့လို့ Milo ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေငုပ်သင်္ဘောကြီး၊ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ နည်းပညာရှင်တွေ ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့ကြီးနဲ့အတူ ပင်လယ်ရေအောက်နက်နက်ဆီ ခရီးထွက်ခွင့် ရခဲ့ပါတော့တယ်။ ဘေးအန္တရာယ်မျိုးစုံကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးမှာတော့ သူတို့ဟာ ရေအောက်ထဲက အံ့ဖွယ်နည်းပညာတွေ၊ ဆန်းကြယ်တဲ့ စွမ်းအင်တွေနဲ့ အသက်ရှင်ကျန်ရစ်နေဆဲဖြစ်တဲ့ အက်တလန်တစ်နိုင်ငံတော်ကြီးနဲ့ မင်းသမီးလေး Kida တို့ကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမဲ့ Milo ရဲ့ အဖွဲ့သားတွေထဲက စစ်သားအချို့ဟာ အက်တလန်တစ်ရဲ့ အဓိက အသက်သွေးကြော စွမ်းအင်ကျောက်တုံးကြီးကို အပြင်လောကဆီ ခိုးထုတ်ရောင်းစားဖို့ ကြံစည်လာတဲ့အခါမှာတော့...။
Atlantis: The Lost Empire (2001) ဟာ ထွက်ရှိခဲ့စဉ်တုန်းက Disney ပုံစံခွက်နဲ့ ကွဲထွက်နေလို့ ဝင်ငွေပိုင်းမှာ မအောင်မြင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ Cult Classic တစ်ကားအဖြစ် ကမ္ဘာတစ်ဝန်းက သိပ္ပံနဲ့ စွန့်စားခန်းဝါသနာအိုးတွေရဲ့ တန်ဖိုးထားခြင်းကို ပြန်လည်ရရှိခဲ့ပါတယ်။ ကြည့်ဖူးသမျှ Disney ကာတွန်းတွေထဲမှာ အဆန်းသစ်ဆုံးနဲ့ အမိုက်ဆုံး စွန့်စားခန်းအရသာကို ပေးစွမ်းနိုင်တဲ့ ကားကောင်းဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: