Nickelodeon ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး Animated Series ကြီးကို Netflix က ဘတ်ဂျက်အမြောက်အမြတ်အသုံးပြုပြီး ပြန်လည်အသက်သွေးထည့်ထားတဲ့ Avatar: The Last Airbender (Live-Action) ဟာ မူရင်းပရိသတ်တွေကြားမှာရော၊ ပရိသတ်အသစ်တွေကြားမှာပါ ရေပန်းစားခဲ့တဲ့ Fantasy Action-Adventure စီးရီးကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းက ကမ္ဘာကြီးကို Water၊ Earth၊ Fire၊ Air ဆိုပြီး ဓာတ်ကြီးလေးပါး မျိုးနွယ်စုတွေနဲ့ ဖွဲ့စည်းထားပြီး၊ ဒီဓာတ်လေးပါးလုံးကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးရသူကို Avatar လို့ ခေါ်ပါတယ်။
မီးမျိုးနွယ်စု (Fire Nation) က ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ စစ်စတင်ခင်းချိန်မှာပဲ အသက် ၁၂ နှစ်အရွယ် လေဓာတ်ထိန်းချုပ်သူ Avatar Aang ဟာ မတော်တဆ ရေခဲတုံးကြီးထဲမှာ နှစ်ပေါင်း ၁၀၀ တိုင်တိုင် ပိတ်မိသွားခဲ့ပါတယ်။ နှစ် ၁၀၀ ကြာပြီးနောက်... ရေမျိုးနွယ်စုက မောင်နှမနှစ်ယောက်ဖြစ်တဲ့ Kataraနဲ့ Sokka တို့က Aang ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ မီးဘုရင် Ozai ရဲ့ စစ်မီးအောက်မှာ ပျက်စီးလုနီးပါး ဖြစ်နေပါပြီ။ Aang ဟာ မီးမျိုးနွယ်စုရဲ့ မင်းသား Zuko ရဲ့ လိုက်လံဖမ်းဆီးမှုကြားကနေ... ကျန်တဲ့ ဓာတ်ပညာရပ်တွေကို အချိန်မီသင်ယူပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ စွန့်စားခန်းထွက်ရပါတော့တယ်။
Netflix ရဲ့ Avatar: The Last Airbender ဟာ မူရင်း Anime ရဲ့ အငွေ့အသက်ကို ၁၀၀ ရာခိုင်နှုန်း မမီနိုင်သေးပေမယ့် (ဒါကလည်း ကာတွန်းရဲ့ စံနှုန်းက အရမ်းမြင့်မားလွန်းလို့ပါ)၊ လက်ရှိထွက်ရှိသမျှ Live-action Remake တွေထဲမှာတော့ အဆင့်အမြင့်ဆုံးနဲ့ ကြည့်ရှုရတာ တန်တဲ့ Masterpiece Fantasy စီးရီးတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် Season 2 မှာ ပိုမိုတိုးတက်ကောင်းမွန်လာတာကြောင့် ရှေ့ဆက်ထွက်မယ့် Season 3 အတွက်ပါ အကြီးအကျယ် မျှော်လင့်လို့ရတဲ့ ကားကောင်းဖြစ်ပါတယ်။
My Rating: 7.5/10
AP
Comments: