YouTube ပေါ်က Creepypasta ဗီဒီယိုတွေကနေတစ်ဆင့် နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး A24 ကနေ ၂၀၂၆ ခုနှစ် (မေလ) မှာ ရုံတင်ပြသခဲ့တဲ့ Backrooms (2026) ရုပ်ရှင်ဟာ Found-footage ဗီဒီယို တစ်ခုကို အဆင့်မြင့် Sci-Fi Psychological Horror အဖြစ် အောင်မြင်စွာ ပြောင်းလဲတင်ဆက်နိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းက ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ ကယ်လီဖိုးနီးယားကို နောက်ခံထားပြီး၊ ဇာတ်လမ်းကတော့ ဇနီးဖြစ်သူနဲ့ လမ်းခွဲထားရလို့ စိတ်ဓာတ်ကျနေပြီး Discount ပရိဘောဂအရောင်းဆိုင်ကြီးတစ်ခုကို ဖွင့်လှစ်ထားတဲ့ ဗိသုကာပညာရှင် Clark ကနေ စတင်ပါတယ်။

ညတစ်ညမှာတော့ Clark ဟာ သူ့ဆိုင်ရဲ့ မြေအောက်ခန်းထဲမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့ Portal တစ်ခုကို တွေ့ရှိသွားပါတယ်။ အဲဒီတံခါးပေါက်နောက်ကွယ်မှာတော့ ဝါကျင်ကျင် မီးချောင်းလင်းလင်းတွေ၊ တုန်ခါနေတဲ့ အသံတွေနဲ့ အဆုံးမရှိ ချိတ်ဆက်နေတဲ့ အခန်းလွတ်ကြီးတွေ ဖြစ်တဲ့ "The Backrooms" ရှိနေတာပါ။ အစပိုင်းမှာ သူက ဗိသုကာပညာရှင်ပီပီ ဒီထူးခြားဆန်းပြားတဲ့ Space ကို စူးစမ်းလေ့လာရင်းနဲ့ပဲ ပြန်ထွက်လို့မရတော့ဘဲ စကြဝဠာရဲ့ အချိန်နဲ့ နေရာတွေ ကွေးညွတ်နေတဲ့ အမှောင်တွင်းထဲ ပိတ်မိသွားပါတော့တယ်။ အပြင်လောကက သူ့ရဲ့ စိတ်ကုထုံးပညာရှင် Mary က သူ့ကို ကယ်တင်ဖို့ ကြိုးစားရင်းနဲ့ ဒီထူးဆန်းတဲ့ အဝါရောင် ကမ္ဘာပျက်ကြီးထဲက "လူတွေရဲ့ စိတ်ဒဏ်ရာ၊ အတိတ်မှတ်ဉာဏ်တွေနဲ့ ခြောက်ခြားဖွယ်ရာ အမှောင်ဖက်ခြမ်း" တွေကို တစ်ဆင့်ချင်း ရင်ဖိုစရာ ဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။

Backrooms (2026) ဟာ Internet Creepypasta (Creepypasta ဆိုတာ အင်တာနက်ပေါ်မှာ တစ်ယောက်ကနေတစ်ယောက် ကူးယူမျှဝေ ရာကနေ ခေတ်စားလာတဲ့ "အင်တာနက်ခေတ် သရဲပုံပြင်တိုများနှင့် ထူးဆန်းထိတ်လန့်ဖွယ်ရာ ဒဏ္ဍာရီများ" ကို ခေါ်တာ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ရှေးခေတ်က လူကြီးတွေ ပြောပြလေ့ရှိတဲ့ "သရဲတစ္ဆေပုံပြင်တွေ" ကို အင်တာနက်ခေတ်စတိုင် ပြောင်းလဲပုံဖော်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။) ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးနဲ့ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ရမယ့် လက်ရာတစ်ခု ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒါရိုက်တာလေး Kane Parsons ဟာ YouTube found-footage အဆင့်ကနေ ဟောလိဝုဒ်အဆင့်အထိ သူ့ရဲ့ စွမ်းရည်ကို ကောင်းကောင်းကြီး သက်သေပြသွားနိုင်ခဲ့ပါတယ်။

My Rating: 8.5/10

AP