Netflix က တင်ဆက်ခဲ့တဲ့ Devil In Ohio (2022) ဟာ စာရေးဆရာမ Daria Polatin ရဲ့ နာမည်ကြီး ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ Limited Series (၈ ပိုင်းတွဲ) ဖြစ်ပါတယ်။ "အဖြစ်မှန်အချို့ကို အခြေခံထားတယ်" ဆိုတဲ့အချက်ကြောင့် လူကြိုက်များခဲ့ပြီး အယူသည်းဂိုဏ်း အကြောင်းကို စိတ်ပညာဆန်ဆန် ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။

ဇာတ်လမ်းဟာ ကျောပြင်မှာ ဓားနဲ့ ထွင်းထုထားတဲ့ Pentagram ဒဏ်ရာကြီးနဲ့ လမ်းမပေါ်မှာ သွေးအိုင်ထဲလဲနေတဲ့ မိန်းကလေးငယ်တစ်ယောက် (Mae) ကို ကယ်တင်လိုက်ရခြင်းကနေ စတင်ပါတယ်။ သူမဟာ အနီးအနားက Amon County ဆိုတဲ့ နယ်မြေက "စာတန်ကိုးကွယ်တဲ့ အယူသည်းဂိုဏ်း " တစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာတာပါ။

သူမကို ကုသပေးရတဲ့ စိတ်ကျန်းမာရေးဆရာဝန် Dr. Suzanne Mathis ဟာ Mae အပေါ် အလွန်အမင်း သနားကရုဏာသက်သွားပြီး၊ ယာယီအားဖြင့် သူမရဲ့ကိုယ်ပိုင်မိသားစုရှိရာ အိမ်ကို ခေါ်ယူစောင့်ရှောက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖြူစင်ရိုးသားပုံပေါ်တဲ့ Mae ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ အတိတ်ဆိုးတွေနဲ့ သူမနောက်ကို လိုက်လံနှောင့်ယှက်မယ့် ဂိုဏ်းဝင်တွေကြောင့် Dr. Suzanne ရဲ့ သာယာတဲ့ မိသားစုကမ္ဘာလေးဟာ တဖြည်းဖြည်း ပြိုကွဲပျက်စီးခြင်းဆီကို ဦးတည်လာပါတော့တယ်။

လျှို့ဝှက်ဆန်းကြယ်ပြီး စာတန်ကိုးကွယ်တဲ့ဂိုဏ်းအကြောင်း တွေကို ကြိုက်တတ်ရင်တော့ ကြည့်ရှုဖို့ သင့်တော်ပါတယ်။ ဒါပေမဲ့ အရမ်း ထိတ်လန့်စရာကောင်းတဲ့ Horror စစ်စစ် သို့မဟုတ် အကွက်စိပ်တဲ့ Thriller မျိုး မျှော်လင့်ထားရင်တော့ အနည်းငယ် စိတ်ပျက်ရနိုင်ပါတယ်။

My Rating: 6.5/10

AP