ဒါရိုက်တာကြီး Steven Spielberg ရဲ့ Sci-Fi နယ်ပယ်ဆီ ပြန်လည်ခြေလှမ်းလှမ်းလိုက်တဲ့ Disclosure Day (2026) ဟာ UFO/Alien အကြောင်းအရာတွေကို ခေတ်ပြိုင်နိုင်ငံရေး၊ မီဒီယာ သရော်ချက်တွေနဲ့ ပေါင်းစပ်ပုံဖော်ထားတဲ့ Sci-Fi Mystery Thriller ကားကြီး ဖြစ်ပါတယ်။  

Jurassic Park နဲ့ War of the Worlds တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ David Koepp နဲ့ Spielberg တို့ ပြန်လည်လက်တွဲထားပြီး၊ မင်းသမီး Emily Blunt, Josh O'Connor, Colin Firth နဲ့ Colman Domingo တို့လို ထိပ်တန်း သရုပ်ဆောင်များစွာ ပါဝင်ထားတာ ဖြစ်ပါတယ်။

Margaret Fairchild (Emily Blunt) ဟာ Kansas City က သာမန် ရုပ်သံမိုးလေဝသသတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း နားလည်ရခက်တဲ့ ဆန်းကြယ်တဲ့ အသံ/အချက်ပြမှုတစ်ခုကို သူမတစ်ယောက်တည်း ကြားသိခွင့်ရလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရက နှစ်ပေါင်းများစွာ လျှို့ဝှက်ဖုံးကွယ်ထားခဲ့တဲ့ UFO/UAP တွေနဲ့ ပတ်သက်တဲ့ အမှန်တရားကြီး (The Disclosure) ကို စုံစမ်းတွေ့ရှိသွားပါတော့တယ်။  

ဒီ အမှန်တရားကြီးသာ တစ်ကမ္ဘာလုံးဆီ ပေါက်ကြားသွားရင် ကမ္ဘာ့နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်း စနစ်တစ်ခုလုံး ပြိုလဲသွားနိုင်တာကြောင့်... အစိုးရ လျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ လိုက်လံဖမ်းဆီးမှု၊ ခြိမ်းခြောက်မှုတွေကြားကနေ ကမ္ဘာသူ/ကမ္ဘာသား ၇ ဘီလီယံစလုံးဆီ ဒီအမှန်တရားကို ရောက်အောင် ထုတ်ဖော်ပြသဖို့ စွန့်စားရုန်းကန်ရပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

Close Encounters of the Third Kind သို့မဟုတ် E.T. တို့လိုမျိုး ဂြိုဟ်ပြင်ပသက်ရှိတွေကို သာမန် စိတ္တဇဆန်ဆန် ကြောက်စရာ ဗီလိန်အဖြစ် မဟုတ်ဘဲ၊ လျှို့ဝှက်ဆန်းကြယ်မှု၊ ကြောက်ရွံ့မှုနဲ့ အံ့ဩမှင်သက်စရာ အရသာတွေကို အချိုးကျကျ ပေါင်းစပ်ပြသသွားတာက အလွန်ပြောင်မြောက်ပါတယ်။

Disclosure Day (2026) ဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ Sci-Fi ရုပ်ရှင်လောကဆီ ခမ်းနားစွာ ပြန်လည်ဝင်ရောက်လာမှုကို သက်သေပြလိုက်တဲ့ Top-Class Sci-Fi ကားတစ်ကား ဖြစ်ပါတယ်။

My Rating:8.5/10

AP