မင်းသားကြီး Morgan Freeman, Thomas Jane, Jason Lee နဲ့ Timothy Olyphant တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The Empire Strikes Back ရဲ့ ဇာတ်ညွှန်းရေးဆရာ Lawrence Kasdan က ရိုက်ကူးထားတာပါ။ ဒါပေမဲ့ ရုပ်ရှင်ဟာ အစပိုင်းမှာ တကယ်မိုက်ပေမဲ့ အလယ်ပိုင်း ရောက်ချိန်မှာတော့ လမ်းကြောင်းပျောက်ပြီး ကြည့်ရတာ ခပ်ကြောင်ကြောင် ဖြစ်သွားခဲ့တဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းက ငယ်သူငယ်ချင်း ၄ ယောက်ဖြစ်တဲ့ Jonesy, Henry, Pete နဲ့ Beaver တို့ဟာ ငယ်စဉ်ကတည်းက ထူးဆန်းတဲ့ စိတ်စွမ်းအားရှိတဲ့ Duddits ဆိုတဲ့ ကလေးလေးကို ကူညီခဲ့ဖူးတာကြောင့် သူတို့ ၄ ယောက်လုံးဆီမှာ စိတ်စွမ်းအား အသီးသီး ရရှိခဲ့ကြပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ သူတို့ ၄ ယောက်ဟာ မိန်းပြည်နယ်က နှင်းဖုံးနေတဲ့ တောအုပ်ထဲက သစ်သားအိမ်လေးမှာ ပုံမှန်အတိုင်း အမဲလိုက်ဖို့ ဆုံစည်းခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီတောအုပ်ထဲကို ပေါ်လာတဲ့ ထူးဆန်းတဲ့ မုဆိုးတစ်ယောက်နဲ့အတူ "Ripley" လို့ ခေါ်တဲ့ လူတွေရဲ့ ဝမ်းဗိုက်ထဲကနေ ထွက်လာတဲ့ အကောင်ကြီးတွေ စတင်ဝင်ရောက်လာပါတော့တယ်။
တစ်ဖက်မှာလည်း အဲဒီ အကောင်ကြီးတွေကို သုတ်သင်ဖို့ စစ်တပ်ဗိုလ်မှူးကြီး Abraham Curtis (Morgan Freeman) ရောက်ရှိလာပြီး တစ်တောအုပ်လုံးကို ပိတ်ဆို့လိုက်တဲ့အခါ... သူငယ်ချင်း ၄ ယောက်ဟာ ဒီ Alien တွေရန်ကနေရော၊စစ်တပ်ရန်ကနေပါ ကမ္ဘာကြီးကို ကာကွယ်ဖို့ ရုန်းကန်ကြရပါတော့တယ်။
Dreamcatcher (2003) ဟာ Stephen King ရဲ့ ဝတ္ထုတွေထဲက ရုပ်ရှင်ပြန်ရိုက်တဲ့အခါ စတင်ပုံ ကောင်းမွန်ပြီး ဇာတ်သိမ်းပိုင်းမှာ လမ်းပျောက်သွားခဲ့တဲ့ ရုပ်ရှင်အစုအဝေးထဲက ကားတစ်ကား ဖြစ်ပါတယ်။ Stephen King ရဲ့ Sci-Fi / Horror အငွေ့အသက်ကို ကြိုက်သူတွေအတွက်တော့ အပျင်းပြေ ကြည့်လို့ရပေမဲ့ Masterpiece အဆင့်ကိုတော့ လုံးဝမမှီပါဘူး။
My Rating: 6/10
AP
Comments: