ဒါရိုက်တာ Denis Villeneuve ရိုက်ကူးပြီး ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dune: Part One ဟာ Sci-Fi ရုပ်ရှင်ကောင်းတစ်ခု ဖြစ်ပါတယ်။ Frank Herbert ရဲ့ ၁၉၆၅ ခုနှစ်ထွက် နာမည်ကြီး ဂန္ထဝင်စာအုပ်တွဲကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ဇာတ်ကားရဲ့ World Building နဲ့ အသံပိုင်းဆိုင်ရာမှာ အခမ်းနားဆုံး ပုံဖော်နိုင်ခဲ့တဲ့ လက်ရာတစ်ခုပါ။
ဇာတ်လမ်းက ဝေးလံလှတဲ့ အနာဂတ်စကြဝဠာထဲမှာ Spice လို့ခေါ်တဲ့ အဖိုးတန်ဆုံး အရာဝတ္ထုတစ်မျိုး ရှိပါတယ်။ အဲဒီ Spice ဟာ စကြဝဠာထဲမှာ ခရီးသွားလာဖို့နဲ့ အသက်ရှည်ဖို့အတွက် မရှိမဖြစ် လိုအပ်ပြီး ၎င်းကို Arrakis (Dune) လို့ခေါ်တဲ့ သဲကန္တာရဂြိုဟ်ကြီးတစ်ခုတည်းမှာပဲ ရနိုင်ပါတယ်။
ဧကရာဇ်မင်းကြီးက Arrakis ဂြိုဟ်ကို အုပ်ချုပ်ဖို့ မင်းမျိုးမင်းနွယ် Atreides မျိုးနွယ်စုကို တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ တကယ်တော့ Atreides တွေကို အမြစ်ပြတ်ချေမှုန်းချင်တဲ့ ရန်သူ Harkonnen မျိုးနွယ်စုနဲ့ ဧကရာဇ်တို့ ပူးပေါင်းထားတဲ့ ထောင်ချောက်တစ်ခုပါ။ Atreides မျိုးနွယ်ရဲ့ သားကောင်ဖြစ်သွားတဲ့ ခေါင်းဆောင်ငယ်လေး Paul Atreides ဟာ သစ္စာဖောက်မှုတွေကြားကနေ လွတ်မြောက်အောင် ရုန်းကန်ရင်း၊ ကန္တာရထဲက ဒေသခံ Fremen တွေနဲ့ ပူးပေါင်းပြီး သူ့ရဲ့ ကံကြမ္မာဆိုးကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ရှုစားရမှာ ဖြစ်ပါတယ်။
Dune: Part One ဟာ သာမန် Sci-Fi ရုပ်ရှင်မျိုး မဟုတ်ဘဲ အနုပညာဆန်ဆန် သေသေချာချာ ထုဆစ်ထားတဲ့ "Epic Sci-Fi Opera" ကြီး တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းက ပထမပိုင်းမှာ ပြီးမသွားဘဲ ဒုတိယပိုင်း (Part Two) အတွက် လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။
Interstellar သို့မဟုတ် Star Wars လိုမျိုး အာကာသ စစ်ပွဲတွေ Game Of Thrones လိုမျိုး အိမ်တော်တွေရဲ့ နိုင်ငံရေးအားပြိုင်မှုတွေကို ခံစားကြည့်ရှုချင်သူတွေအတွက် မဖြစ်မနေ ကြည့်ရမယ့် ကားကောင်းဖြစ်ပါတယ်။
My Rating: 8.5/10
AP
Comments: