ဒီစီးရီးဟာ ရုပ်ရှင်ထဲက Paul Atreides ရဲ့ ဇာတ်လမ်းမတိုင်ခင် နှစ်ပေါင်း ၁၀,၀၀၀ အလို ကို နောက်ခံထားပြီး၊ Dune Universe တစ်ခုလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်မယ့် လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးအဖွဲ့အစည်း Bene Gesserit ဘယ်လို စတင်ဖြစ်တည်လာခဲ့လဲ ဆိုတာကို အဓိက ပုံဖော်ထားတာပါ။
ဇာတ်လမ်းက စက်ရုပ်တွေနဲ့ ကွန်ပျူတာတွေကို လူသားတွေက တော်လှန်တိုက်ခိုက်ခဲ့တဲ့ Butlerian Jihad (စစ်ပွဲကြီး) အပြီး၊ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကာကွယ်ဖို့နဲ့ Great Houses တွေကို ထိန်းညှိဖို့အတွက် အမျိုးသမီးကျောင်းတော်တစ်ခု ပေါ်ပေါက်လာပါတယ်။
ဒီကျောင်းတော်ကို ဦးဆောင်ပြီး နောက်ပိုင်းမှာ Bene Gesserit လို့ လူသိများလာမယ့် အဖွဲ့အစည်းကို တည်ထောင်သူတွေကတော့ Harkonnen ညီအစ်မနှစ်ဖော်ဖြစ်တဲ့ Valya Harkonnen နဲ့ Tula Harkonnen တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေရဲ့ မျိုးရိုးဗီဇကို လျှို့ဝှက်ထိန်းချုပ်ပြီး စကြဝဠာရဲ့ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ဖို့ ကြိုးပမ်းကြပါတယ်။ ဒါပေမဲ့ အင်ပါယာကြီးရဲ့ ကျိုးပဲ့လွယ်တဲ့ အခြေအနေ၊ အခြား Great Houses တွေရဲ့ သစ္စာဖောက်မှုတွေနဲ့အတူ စကြဝဠာရဲ့ အဖိုးတန်ဆုံး 'စပိုက်စ် ထွက်ရှိရာ Arrakis ဂြိုဟ်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူတော်ကြီး Desmond Hart (Travis Fimmel) ပေါ်ပေါက်လာတဲ့အခါမှာတော့...။
Dune: Prophecy ဟာ ရုပ်ရှင်တွေလောက် ရင်သပ်ရှုမောဖွယ် မဖြစ်ခဲ့ရင်တောင် Dune Universe ကို ပိုမိုနက်နဲကျယ်ပြန့်အောင် လုပ်ပေးနိုင်ခဲ့တဲ့ Prequel ကောင်းတစ်ခု ဖြစ်ပါတယ်။ လှည့်ကွက်တွေ၊ လျှို့ဝှက်ချက်တွေနဲ့ Sci-fi ဒရမ်မာတွေကို ခုံမင်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: