Netflix က ၂၀၂၀ ခုနှစ်မှာ တင်ဆက်ခဲ့တဲ့ Enola Holmes ဟာ နာမည်ကျော်စုံထောက်ကြီး Sherlock Holmes ရဲ့ ညီမငယ်လေးအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ သွက်သွက်လက်လက်နဲ့ ကြည့်ရတာ စိတ်အပန်းပြေစေမယ့် Mystery Teen Adventure ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းက ဗစ်တိုးရီးယားခေတ် အင်္ဂလန်ပြည်မှာ အခြေခံထားပါတယ်။ အသက် ၁၆ နှစ်ပြည့်တဲ့နေ့မှာပဲ Enola Holmes (Millie Bobby Brown) ဟာ သူမကို တစ်ဦးတည်း ပြုစုပျိုးထောင်လာခဲ့တဲ့ မိခင်ဖြစ်သူ Eudoria (Helena Bonham Carter) ရုတ်တရက် ပျောက်ဆုံးသွားတာကို ကြုံရပါတော့တယ်။

ဒါကြောင့် အဝေးရောက်နေတဲ့ အစ်ကိုကြီးနှစ်ယောက်ဖြစ်သူ Mycroft Holmes (Sam Claflin) နဲ့ နာမည်ကြီးစုံထောက် Sherlock Holmes (Henry Cavill) တို့ အိမ်ပြန်လာကြပါတယ်။ အစ်ကိုကြီး Mycroft က Enola ကို မိန်းမကောင်းလေးတစ်ယောက်ဖြစ်အောင် ဘော်ဒါဆောင်ကျောင်း ပို့ဖို့ကြိုးစားတဲ့အခါ၊ Enola ဟာ ကျောင်းကနေ ထွက်ပြေးပြီး မိခင်ဖြစ်သူ ချန်ထားခဲ့တဲ့ ဝှက်စာပဟေဠိတွေကို ဖော်ထုတ်ဖို့ လန်ဒန်မြို့ဆီ ဦးတည်သွားပါတော့တယ်။ လမ်းမှာပဲ သူမဟာ အိမ်ပြေးလေးတစ်ဦးဖြစ်တဲ့ သခင်လေး Tewkesbury (Louis Partridge) နဲ့ ဆုံတွေ့မိပြီး နိုင်ငံရေးလုပ်ကြံမှု လျှို့ဝှက်ချက်ကြီးတစ်ခုကြားထဲ ရောက်ရှိသွားတဲ့အခါမှာတော့...။

Enola Holmes ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနိုင်တဲ့ Popcorn Entertainment ကားကောင်းတစ်ကား ဖြစ်ပါတယ်။

My Rating 7/10

AP