Enola Holmes 3 ဟာ ပထမနှစ်ကားရဲ့ အောင်မြင်မှုကိုယူပြီး Netflix ကနေ တင်ဆက်လိုက်တဲ့ Mystery Adventure ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းက Enola နဲ့ Tewkesbury တို့ လက်ထပ်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဖြစ်ပွားတာပါ။ ဒီလို အရေးကြီးတဲ့ မင်္ဂလာပွဲကို တက်ရောက်ရမယ့်အစား Sherlock Holmes တစ်ယောက် ပြန်ပေးဆွဲခံလိုက်ရတယ် ဆိုတဲ့ သတင်းဆိုးကြီးကို Dr. Watson က မင်္ဂလာပွဲသွားနေတဲ့ Enola ကိုလိုက်လံအကြောင်းကြားရင်းနဲ့ပဲ ဇာတ်လမ်းက စတင်တာ ဖြစ်ပါတယ်။ဒီကားထဲမှာတော့ Enola Holmes က Sherlock Holmes ကိုကယ်တင်ဖို့ လုပ်ရင်းကနေ Sherlock Holmes ရဲ့ မဟာရန်သူတော် Moriarty နဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။
ဒီကားရဲ့ အကြီးမားဆုံး အားသာချက်ကတော့ Enola နဲ့ Tewkesbury တို့ရဲ့ မင်္ဂလာပွဲဆီ အသွားမှာမှ Sherlock Holmes ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ဇာတ်ကွက်နဲ့ စဖွင့်လိုက်တာက ပရိသတ်ကို ချက်ချင်း ဇာတ်လမ်းထဲ ဆွဲခေါ်သွားနိုင်ပါတယ်။ မင်္ဂလာဝတ်စုံတန်းလန်းနဲ့ အစ်ကိုဖြစ်သူကို ကယ်ဖို့ ပြင်ဆင်ရတဲ့ Enola ရဲ့ ပုံစံက ဇာတ်အိမ်ကို ပိုပြီး ထူးခြားပြီး စိတ်လှုပ်ရှားစရာ ကောင်းသွားစေပါတယ်။
အားနည်းချက်အနေနဲ့ကတော့ Enola နဲ့ Tewkesbury တို့ရဲ့ Relationship အပိုင်းကို ဇာတ်အိမ်အလေးပေးထားပေမယ့်၊ မှုခင်းပိုင်းက အရမ်းအရှိန်တက်နေချိန်မှာ သူတို့နှစ်ယောက်ရဲ့ အချစ်ခန်းတွေ ညှပ်ညှပ်လာတာက စိတ်လှုပ်ရှားစရာ ဇာတ်ရှိန်ကို ခဏခဏ အရှိန်သတ်လိုက်သလို ဖြစ်စေပါတယ်။
Enola Holmes 3 ဟာ Trilogy ရဲ့ အပိတ်ကားအဖြစ် သတ်မှတ်ရင် တကယ့်ကို ကျေနပ်စရာကောင်းတဲ့ Mystery ကားတစ်ကား ဖြစ်ပါတယ်။ 1 နဲ့ 2 လောက်တော့ မကြိုက်ပေမယ့် ပေါ့ပေါ့ပါးပါး ဖျော်ဖြေမှုအပြင် ပိုမိုရင့်ကျက်တဲ့ ဇာတ်ကွက်၊ နာမည်ကြီး သရုပ်ဆောင်တွေ ကြောင့် ကြည့်သင့်တဲ့ Sequel ကားကောင်း ဖြစ်ပါတယ်။
My Rating: 6.5/10
AP
Comments: