အသက် ၁၈ နှစ်ပြည့်တဲ့နေ့မှာ မိမိကိုယ်ကိုယ် သာမန်မိဘမဲ့ လူငယ်တစ်ယောက်လို့ ထင်နေတဲ့ Aaron Corbett ဟာ ထူးဆန်းတဲ့ စွမ်းအားတွေ စတင်ရရှိလာပါတယ်။ သူဟာ ကမ္ဘာပေါ်က ဘာသာစကားမျိုးစုံကို အလိုအလျောက် ပြောတတ်လာတဲ့အပြင်၊ သူ့ရဲ့ အိမ်မွေးခွေး အပါအဝင် တိရစ္ဆာန်တွေပြောတဲ့ စကားတွေကိုပါ နားလည်လာခဲ့ပါတယ်။
တကယ်တော့ Aaron ဟာ လူသားနဲ့ ကောင်းကင်တမန် တို့ ပေါင်းစပ်ရာကနေ မွေးဖွားလာတဲ့ Nephilim (သွေးနှော) တစ်ဦးဖြစ်ပြီး၊ ကမ္ဘာမြေပေါ်ကို ရောက်နေတဲ့ Fallen Angels တွေကို ကောင်းကင်ဘုံ ပြန်တက်ခွင့်ရအောင် ကယ်တင်ပေးရမယ့် ကယ်တင်ရှင် ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက သွေးနှောတွေကို အမြစ်ဖြတ်ချေမှုန်းချင်တဲ့ အစွန်းရောက် နတ်တမန်စစ်တပ် The Powers ရဲ့ လိုက်လံသတ်ဖြတ်မှုကို ခံရတဲ့အခါ... Aaron ဟာ သူ့ရဲ့ အစောင့်အရှောက် နတ်တမန် Camael၊ ပြီးတော့ သူ့ရဲ့ ဖခင်အရင်းဖြစ်တဲ့ "The Light Bringer / Lucifer" တို့နဲ့အတူ သူ့ရဲ့ ကံကြမ္မာကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ရင်ဖိုစရာ စွန့်စားခန်း ဖွင့်လှစ်ထားပါတယ်။
Fallen (2006) ဟာ ယနေ့ခေတ် Supernatural သို့မဟုတ် Lucifer လိုမျိုး ခမ်းနားထည်ဝါပြီး Dark ဆန်တဲ့ အရသာမျိုးတော့ မပေးနိုင်ပါဘူး။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထွက်ခဲ့တဲ့ Teen Supernatural Nostalgia တွေကို ပြန်လည်ခံစားချင်သူတွေ အတွက်တော့ ကြည့်ရှုသင့်တဲ့ အပိုင်းတို မီနီစီးရီးလေးတစ်ခု ဖြစ်ပါတယ်။
My Rating: 6/10
AP
Comments: