HBO ရဲ့ အကောင်းဆုံး စီးရီး Game of Thrones (GOT) ဟာ စာရေးဆရာကြီး George R.R. Martin ရဲ့ A Song of Ice and Fire ဝတ္ထုကမ္ဘာကို အခြေခံပြီး ၂၀၁၁ ကနေ ၂၀၁၉ အထိ ထုတ်လွှင့်ခဲ့တဲ့ Dark Fantasy/Political Drama အမျိုးအစား ဖြစ်ပါတယ်။ စီးရီးတစ်ခုလုံးမှာ စုစုပေါင်း Season (၈) ခု ပါဝင်ပြီး၊ အပိုင်းပေါင်း (၇၃) ပိုင်း တိတိ ရှိပါတယ်။ Game Of Thrones စီးရီးဟာ ရုပ်သံလောကရဲ့ အော်စကာလို့ တင်စားကြတဲ့ Emmy Awards ဆုပေါင်း ၅၉ ဆု အထိ ရရှိခဲ့ ပါတယ်။ Season တစ်ခုချင်းစီအလိုက် ကြည့်ရှုသူဦးရေ အဆမတန် တိုးတက်လာခဲ့ပြီး၊ နောက်ဆုံး Season 8 ရဲ့ Finale အပိုင်းကို Live ကြည့်ရှုသူတင် ၁၉.၃ သန်း ရှိခဲ့ကာ HBO ရဲ့ သမိုင်းတစ်လျှောက် ကြည့်ရှုသူအများဆုံး စံချိန်ကို ချိုးဖူးပါတယ်။
Game Of Throne ဟာ နိုင်ငံရေးအရှုပ်တော်ပုံတွေနဲ့ မျိုးနွယ်စုတွေရဲ့ အားပြိုင်မှုကို အကောင်းဆုံး ပုံဖော်ထားပါတယ်။ "ဇာတ်လိုက်မင်းသားဆိုတာ ဘယ်တော့မှ မသေဘူး" ဆိုတဲ့ Hollywood ပုံသေကားချပ်ကို Episode 9 မှာတင် အကြီးအကျယ် ရိုက်ချိုးပြခဲ့လို့ တစ်ကမ္ဘာလုံး ဆွံ့အသွားခဲ့ရပါတယ်။
Game of Thrones ဟာ ဇာတ်သိမ်းပိုင်းမှာ အကြီးအကျယ် စိတ်ပျက်ခဲ့ရပေမယ့်လည်း၊ Season 1 ကနေ Season 6 အထိကတော့ ရုပ်ရှင်လောကသမိုင်းမှာ လူကြိုက်အများဆုံး Series တွေထဲကတစ်ခုပါ ။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Comments: