Netflix ရဲ့ နာမည်ကြီး Binge-watch လုပ်လို့ အကောင်းဆုံး Drama/Comedy Series တစ်ခုဖြစ်တဲ့ Ginny & Georgia ကိုတော့ Season 1 ကို 2021 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး Season 2 ကို 2023 ခုနှစ်မှာလည်းကောင်း၊  Season 3 ကိုတော့ 2025/2026 အတွင်းမှာ ဆက်လက်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒီ Series ဟာ Comedy, Drama နဲ့ Thriller အငွေ့အသက်တွေ ပေါင်းစပ်ပါဝင်နေတဲ့ အမျိုးအစားဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအဖြစ် Georgia Miller အဖြစ် Brianne Howey နဲ့ သူမရဲ့ သမီးဖြစ်သူ Ginny Miller အဖြစ် Antonia Gentry တို့က အကောင်းဆုံး သရုပ်ဆောင်ထားကြပါတယ်။ 

ဇာတ်လမ်းရဲ့ အဓိက အသက်ကတော့ အသက် ၃၀ ကျော် အရွယ် ဆွဲဆောင်မှုရှိပြီး အတိတ်နောက်ကြောင်း မရှင်းတဲ့ မိခင် Georgia နဲ့ သူမရဲ့ အသက် ၁၅ နှစ်အရွယ် ဗဟုသုတစုံ ပုန်ကန်ချင်စိတ်ရှိတဲ့ သမီးဖြစ်သူ Ginny တို့ရဲ့ အပြောင်းအလဲများစွာနဲ့ ဘဝခရီးလမ်းပဲ ဖြစ်ပါတယ်။ Massachusetts ရှိ Wellsbury ဆိုတဲ့ မြို့လေးဆီ အခြေချဖို့ ရောက်ရှိလာကြချိန်မှာ Georgia က သားသမီးတွေအတွက် ဘာမဆို လုပ်ပေးဖို့ အသင့်ရှိတဲ့ မိခင်တစ်ယောက်အဖြစ် မြို့သစ်မှာ နေရာသစ် ရှာဖွေပေမဲ့ သူမရဲ့ အမှောင်အတိတ်နဲ့ ရာဇဝတ်မှုတွေက နောက်ကနေ အရိပ်လို လိုက်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း သမီးဖြစ်သူ Ginny ဟာ ကျောင်းသစ်မှာ မိတ်ဆွေသစ်တွေ၊ အချစ်ရေးနဲ့ လူငယ်သဘာဝ မကွဲပြားမှုတွေအပြင် မိခင်ဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း သိလာရတဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ ပြင်းထန်စွာ ခံစားရပါတယ်။ Season အလိုက် Georgia ရဲ့ လျှို့ဝှက်ချက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာတာ၊ သမီးဖြစ်သူရဲ့ စိတ်ကျန်းမာရေး ရုန်းကန်ရမှုတွေနဲ့ အိမ်ထောင်ရေး/အချစ်ရေး အရှုပ်အထွေးတွေက ပရိသတ်ကို ဇာတ်ရှိန် မကျရအောင် တောက်လျှောက် ဆွဲဆောင်ထားနိုင်တာပဲ ဖြစ်ပါတယ်။

Ginny & Georgia ဟာ သာမန် လူငယ်ဇာတ်လမ်းတစ်ကား မဟုတ်ဘဲ မိခင်တစ်ယောက်ရဲ့ စနစ်တကျ ကာကွယ်မှုတွေနဲ့ လူငယ်တစ်ယောက်ရဲ့ အမှန်တရား ရှာဖွေမှုကြားက ပွတ်တိုက်မှုတွေကို စိတ်လှုပ်ရှားဖွယ်ရော၊ ဝမ်းနည်းဖွယ်ရော တင်ဆက်ထားတဲ့ Series တစ်ခုဖြစ်ပါတယ်။

My Rating: 7.7/10

AP