ကမ္ဘာဦးအစ ဧဒင်ဥယျာဉ်ခေတ်ကတည်းက ကမ္ဘာမြေပေါ်မှာ နေထိုင်လာခဲ့ကြတဲ့ နတ်သား Aziraphale နဲ့ စတိုင်ကျပြီး မာနကြီးတဲ့ နတ်ဆိုး Crowley တို့ဟာ နှစ်ပေါင်း ၆,၀၀၀ ကျော်ကြာတဲ့အထိ ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ သံယောဇဉ်တွဲနေကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကမ္ဘာမြေပေါ်က စာအုပ်တွေ၊ စားသောက်ဖွယ်ရာတွေနဲ့ လူသားတို့ရဲ့ လူနေမှုစရိုက်တွေကို အလွန် သဘောကျနှစ်သက်နေကြတာပါ။
ဒါပေမဲ့ ငရဲပြည်နဲ့ နတ်ပြည်တို့ရဲ့ အစီအစဉ်အရ စာတန်ရဲ့ သားတော် (Antichrist) ကလေးငယ် ကမ္ဘာမြေပေါ် ရောက်ရှိလာပြီး... ကမ္ဘာကြီးကို အဆုံးသတ်မယ့် ကမ္ဘာပျက်ကပ်ဘေးကြီး စတင်ဖို့ ရက်သတ်မှတ်လိုက်တဲ့အခါမှာတော့— Aziraphale နဲ့ Crowley တို့ဟာ သူတို့အနှစ်သက်ဆုံး ကမ္ဘာမြေကြီး ပျက်စီးမသွားစေဖို့အတွက်... နတ်ပြည်ကိုရော ငရဲပြည်ကိုပါ လျှို့ဝှက်သစ္စာဖောက်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ အူကြောင်ကြောင် မဟာမိတ်အဖြစ် ပူးပေါင်းကြပါတော့တယ်။
Good Omens ဟာ ကမ္ဘာပျက်မယ့် ကပ်ဘေးကြီးအကြောင်းကို စိတ်ပျက်စရာ မကောင်းစေဘဲ... နွေးထွေးမှု၊ ဟာသဉာဏ်နဲ့ ထူးခြားဆန်းပြားတဲ့ Fantasy အရသာတွေကို ပေးစွမ်းနိုင်တဲ့ ကြည့်ရင်း စိတ်အပန်းပြေစေမယ့် စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တစ်ခုတည်းနဲ့တင် လက်မလွှတ်သင့်တဲ့ ကားကောင်းဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: