Game of Thrones ရဲ့ ပရိသတ်တွေ ဇာတ်သိမ်းပိုင်းကြောင့် စိတ်ပျက်ခဲ့ရသမျှကို သိက္ခာပြန်ဆယ်ပေးလိုက်ပြီး၊ ပုလ္လင်လုပွဲ နိုင်ငံရေးအကွက်တွေကို ပိုမိုရင့်ကျက်ပြောင်မြောက်စွာ တင်ဆက်ပြသသွားခဲ့တဲ့ HBO ရဲ့ Fantasy Drama စီးရီး House of the Dragon ဟာ GOT Fan တွေအတွက်တော့မျှော်လင့်ချင်စရာ Series တစ်ခုပါ။
ဒီစီးရီးဟာ Game of Thrones ထဲက ဖြစ်ရပ်တွေမတိုင်မီ နှစ်ပေါင်း ၁၇၂ နှစ်အလို နဂါးမျိုးနွယ်စု Targaryenအိမ်တော် အာဏာအထွတ်အထိပ် ရောက်နေတဲ့ ခေတ်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပြီး၊ စာရေးဆရာကြီး George R.R. Martin ရဲ့ Fire & Blood စာအုပ်ကို အခြေခံထားတာ ဖြစ်ပါတယ်။
တာဂေရီယန်မင်းဆက်ရဲ့ သဘောကောင်းပြီး ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ ဘုရင်ကြီး Viserys I Targaryen ဟာ သားယောက်ျားလေး အဖတ်မတင်ဘဲ မိဖုရားကြီး ကွယ်လွန်သွားခဲ့တဲ့နောက်... သူ့ရဲ့ တစ်ဦးတည်းသော သမီးတော် Rhaenyra Targaryen (ရီနီယာ) ကို သံပလ္လင်ကို ဆက်ခံမယ့် တရားဝင် အိမ်ရှေ့မင်းသမီးအဖြစ် ကြေညာခဲ့ပါတယ်။ ဒါဟာ အမျိုးသမီးတစ်ဦးကို ဘုရင်မအဖြစ် တစ်ခါမှ မတင်မြှောက်ဖူးတဲ့ Westeros သမိုင်းမှာ အကြီးမားဆုံး တော်လှန်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
House of the Dragon ဟာ Game of Thrones ရဲ့ အရသာအစစ်အမှန်ဖြစ်တဲ့ "လှည့်ကွက်၊ သစ္စာဖောက်မှု၊ အာဏာမက်မောမှု" တွေကို နဂါးစစ်ပွဲကြီးတွေနဲ့ ပေါင်းစပ်ပြီး အဆင့်မြင့်ဆုံး ပြန်လည်တင်ဆက်နိုင်ခဲ့တဲ့ Top-Tier Epic Fantasy စီးရီးကြီး ဖြစ်ပါတယ်။ GOT ပရိသတ်တွေအတွက်တော့ မဖြစ်မနေ ကြည့်ရမယ့် Series တစ်ခု ဖြစ်သလို၊ GOT မကြည့်ဖူးထားရင်တောင် ဒါက Pre-story မို့လို့ သီးသန့်ကြည့်ရင်လည်း လုံးဝ နားလည်သဘောပေါက်စေမယ့် လက်ရာမွန် ဖြစ်ပါတယ်ခင်ဗျာ။
Season 3 လည်းထွက်ရှိလာပြီးတော့ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီး အပတ်စဥ် တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: