၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Kick-Ass 2 ဟာ ၂၀၁၀ ကထွက်ရှိခဲ့တဲ့ ဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး၊ မူရင်းဒါရိုက်တာ Matthew Vaughn နေရာမှာ Jeff Wadlow က ပြောင်းလဲရိုက်ကူးခဲ့တဲ့ R-Rated Action Comedy ဇာတ်ကား ဖြစ်ပါတယ်။

ပထမကားရဲ့ အောင်မြင်မှုနဲ့ Hit-Girl ရဲ့ ကြမ်းပြချက်တွေကို လွမ်းဆွတ်နေတဲ့ Fan တွေအတွက် ပျော်စရာ အက်ရှင်အချို့ ပေးနိုင်ပေမယ့်၊ မူရင်းကားရဲ့ ဟာသမြောက်မှုနဲ့ နက်နဲမှုကိုတော့ လုံးဝ မမှီဘဲ အနည်းငယ် ပေါ့ပျက်ပျက် ဖြစ်သွားခဲ့တဲ့ Sequel တစ်ကား ဖြစ်ပါတယ်။

ပထမကားအပြီးမှာ Kick-Ass နဲ့ Hit-Girl တို့ဟာ သာမန် ကျောင်းသားဘဝကို ပြန်လည်ဖြတ်သန်းဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ Dave ဟာ စူပါဟီးရိုးလုပ်ချင်စိတ် မကုန်သေးတာကြောင့် ဒုစရိုက်တွေကို တိုက်ဖျက်ဖို့အတွက် ခရစ်ယာန်ဂိုဏ်းဝင်ဟောင်း Captain Midnight (Jim Carrey) ဦးဆောင်တဲ့ "Justice Forever" ဆိုတဲ့ လမ်းဘေးစူပါဟီးရိုးအဖွဲ့ကြီးနဲ့ သွားရောက်ပူးပေါင်းလိုက်ပါတယ်။

တစ်ဖက်မှာလည်း ပထမကားက သေဆုံးသွားခဲ့တဲ့ မာဖီးယားခေါင်းဆောင်ကြီးရဲ့ သား Red Mist  ဟာ သူ့အဖေအတွက် လက်စားချေဖို့အတွက် "The Motherf*** ဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့ပထမဆုံး စူပါဗီလိန်အဖြစ် ကြေညာလိုက်ပြီး ဒုစရိုက်သမားတွေကို ပိုက်ဆံနဲ့ ငှားကာ Kick-Ass တို့ အဖွဲ့ကို လိုက်လံသုတ်သင်ပါတော့တယ်။ ဒါကြောင့် သာမန်ကျောင်းသူလေးအဖြစ် နေထိုင်ဖို့ ကြိုးစားနေတဲ့ Mindy တစ်ယောက် Hit-Girl ဝတ်စုံကို ပြန်လည်ဝတ်ဆင်ပြီး Dave တို့နဲ့အတူ အကြမ်းစား ပြန်လည်တိုက်ခိုက်ရပါတော့တယ်။

Kick-Ass 2 (2013) ဟာ ပထမကားလောက် မကာ့ာင်းတော့ပေမယ့် Hit-Girl နဲ့ Kick-Ass တို့ရဲ့ အကြမ်းစား စွန့်စားခန်းကို ဆက်လက်ကြည့်ရှုချင်သူတွေအတွက်တော့ ဖျော်ဖြေမှုပေးနိုင်တဲ့ Sequel ကားတစ်ကား ဖြစ်ပါတယ်။ ပထမကားကို အမှတ်ပြည့်ပေးထားသူတွေအတွက် အနည်းငယ် စိတ်ပျက်စရာ ရှိနိုင်ပေမယ့် အက်ရှင်ကြည့်ရုံသက်သက်ဆိုရင်တော့ အဆင်ပြေပါတယ်။

My Rating: 6.5/10

AP