စူပါဟီးရိုးရုပ်ရှင်တွေ ရိုးအီစပြုလာတဲ့ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်မှာ ဒါရိုက်တာ Matthew Vaughn က "တကယ်လို့ သာမန်လူတစ်ယောက်က ဝတ်စုံဝတ်ပြီး တရားဥပဒေပြင်ပကနေ လူဆိုးဖမ်းရင် ဘာဖြစ်မလဲ" ဆိုတဲ့ လက်တွေ့ဆန်ဆန် မေးခွန်းနဲ့အတူ ထွက်ရှိလာခဲ့တဲ့ Kick-Ass (2010) ဟာ အမိုက်စား၊ အကြမ်းစား သရော်လှောင်ပြောင်ထားတဲ့ R-Rated Action-Comedy Superhero ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Dave Lizewski ဟာ စာအုပ်ဆိုင်မှာ ကာတွန်းဖတ်၊ ကောင်မလေးတွေကို ခိုးကြည့်ပြီး ကျောင်းမှာလည်း လူရာမဝင်တဲ့ သာမန် high school ကျောင်းသားလေးတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူက "စူပါပါဝါ မရှိပေမယ့် ဘာလို့ စူပါဟီးရိုး လုပ်မယ့်သူ မရှိတာလဲ" ဆိုပြီး စိတ်ကူးပေါက်ကာ စိမ်းပြာရောင် ရေကူးဝတ်စုံလို ဝတ်စုံကြီးဝတ်၊ နာမည်ကို "Kick-Ass" လို့ ပေးပြီး လမ်းပေါ်ထွက် လူဆိုးဖမ်းပါတော့တယ်။
ဒါပေမဲ့ ပထမဆုံးအကြိမ် လူဆိုးဖမ်းရာမှာတင် အပြင်းအထန် အရိုက်ခံရပြီး ဓားနဲ့အထိုးခံရတဲ့အထိ လက်တွေ့ဘဝရဲ့ အရသာကို ခါးခါးသီးသီး မြည်းစမ်းလိုက်ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူလူဆိုးတွေကို ရဲရဲဝံ့ဝံ့ ပြန်ချတဲ့ ဗီဒီယိုတစ်ခုက YouTube ပေါ်မှာ ပြန့်သွားပြီး တစ်ညအတွင်း နာမည်ကြီး စူပါဟီးရိုး ဖြစ်လာခဲ့ပါတယ်။ ပြဿနာကတော့ သူ့ရဲ့ နာမည်ကြီးမှုကြောင့် မြို့က မာဖီးယားဂိုဏ်းစတားကြီး Frank D'Amico ရဲ့ စောင့်ကြည့်ခြင်းကို ခံလိုက်ရတာပါပဲ။
ဒီကြားထဲမှာ တကယ့်ကို သေနတ်ချင်းပစ်၊ ဓားချင်းခုတ်ပြီး မာဖီးယားတွေကို သုတ်သင်နေတဲ့ သားအဖနှစ်ယောက်ဖြစ်တဲ့ Big Daddy (Nicolas Cage) နဲ့ အသက် ၁၁ နှစ်အရွယ် သတ်ဖြတ်ရေးစက်ရုပ်မလေး Hit-Girl (Chloë Grace Moretz) တို့ရဲ့ တိုက်ပွဲကြားထဲ Dave တစ်ယောက် ကြားညှပ်ပြီး တကယ့်သေနတ်ကျည်ဆန်တွေ၊ သွေးထွက်သံယိုတွေကြားမှာ ဘယ်လိုရှင်သန်အောင် ရုန်းကန်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Kick-Ass (2010) ဟာ Marvel နဲ့ DC ရဲ့ Superhero စံနှုန်းတွေထဲကနေ ရဲရဲဝံ့ဝံ့ခွဲထွက်ပြီး... သွေးရဲရဲ၊ ဆဲသံဆူဆူ၊ အက်ရှင်အလန်းစားတွေနဲ့ ဖန်တီးထားတဲ့ R-Rated Cult Classic စူပါဟီးရိုးကားကောင်း ဖြစ်ပါတယ်။ တစ်ကားလုံး ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်အရသာကို အပြည့်အဝပေးနိုင်တဲ့ ဖျော်ဖြေရေးကားကောင်း ဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: