၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ Syfy network ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Krypton စီးရီးဟာ DC Comics ရဲ့ နာမည်ကြီး စူပါဟီးရိုး Superman မမွေးဖွားမီ နှစ်ပေါင်း ၂၀၀ အလို၊ သူ့ရဲ့ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ကမ္ဘာ  Krypton ဂြိုဟ် ပေါ်က ဖြစ်ရပ်တွေကို နောက်ခံထား ရိုက်ကူးထားတဲ့ Sci-Fi / Action Drama ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ Superman (Kal-El) ရဲ့ အဘိုးဖြစ်သူ Seg-El ဖြစ်ပါတယ်။ Seg ရဲ့ အဘိုး Val-El ဟာ ဂြိုဟ်ကြီး ပျက်စီးတော့မယ်ဆိုတာကို သတိပေးခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ကွပ်မျက်ခြင်းခံရပြီး House of El တစ်ခုလုံးဟာ ဘဝပျက်ကာ အောက်ခြေလူတန်းစား အဖြစ် ဂုဏ်သိက္ခာကျဆင်းသွားခဲ့ရပါတယ်။  တစ်နေ့မှာတော့ ၂၁ ရာစု ကမ္ဘာမြေကနေ အချိန်ခရီးသွားပြီး ရောက်လာတဲ့ Adam Strange ဟာ Seg-El ဆီ ရောက်ရှိလာပြီး... အနာဂတ်မှာ စူပါဟီးရိုးဖြစ်လာမယ့် သူ့ရဲ့ မြေးဖြစ်သူ Superman ကို မမွေးဖွားနိုင်အောင်လို့ စကြဝဠာဖျက်ဆီးရေး မိစ္ဆာကြီး Brainiac က Krypton ဂြိုဟ်ရဲ့ အတိတ်ဆီ ရောက်လာပြီး ဖျက်ဆီးဖို့ ကြံစည်နေကြောင်း သတိပေးလိုက်ပါတော့တယ်။ 

ဒီလိုနဲ့ Seg-El ဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူရင်း၊ အုပ်ချုပ်သူ Taboo လူတန်းစားတွေကြားက နိုင်ငံရေးလှည့်ကွက်တွေ၊ General Zod, Brainiac တို့လို ဗီလိန်ကြီးတွေရဲ့ အန္တရာယ်ကြားကနေ သူ့ဂြိုဟ်နဲ့ အနာဂတ်မြေးဖြစ်သူရဲ့ ဖြစ်တည်မှုကို ကာကွယ်ဖို့ ရုန်းကန်ရပါတော့တယ်။ 

Krypton Series ဟာ စူပါဟီးရိုးကား ကြည့်ချင်သူတွေထက် Sci-Fi / Space Political Drama မျိုး ကြိုက်နှစ်သက်သူတွေ၊ DC Comics Lore ကို စိတ်ဝင်စားသူတွေအတွက် ကြည့်ရတာ တန်ဖိုးရှိမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။ Superman မပါသော်လည်း Brainiac နဲ့ Zod တို့လို အမိုက်စား ဗီလိန်တွေကို ပုံဖော်ထားတာကြောင့် ကြည့်ရှုရတာ တန်ဖိုးရှိပါတယ်။

My Rating: 7.0/10

AP