၂၀၀၉ ခုနှစ်ကနေ ၂၀၂၀ အထိ (Season ၁၁ ခု၊ အပိုင်း ၂၅၀) ကြာမြင့်အောင် ထုတ်လွှင့်ပြသခဲ့ပြီး Emmy ဆုပေါင်း ၂၂ ဆုအထိ သိမ်းပိုက်နိုင်ခဲ့တဲ့ Modern Family ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး မိသားစုဟာသစီးရီး ကြီး ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်ကြပြီး တစ်ဦးနဲ့တစ်ဦး ဆက်နွှဲနေတဲ့ Pritchett-Dunphy-Tucker မိသားစုကြီး သုံးစု ရဲ့ နေ့စဉ်ဘဝ အလွဲအချော်တွေကို အခြေခံထားတာပါ။
Jay Pritchett ၏ မိသားစု: အိမ်ထောင်စုကြီးတစ်ခုလုံးရဲ့ အဖိုးကြီး Jay က သူ့ထက် အသက်အများကြီးငယ်ပြီး အလွန်ဆွဲဆောင်မှုရှိတဲ့ ကိုလံဘီယာသူလေး Gloria၊ သူမရဲ့ ထူးဆန်းတဲ့ သားလေး Manny တို့နဲ့ ဒုတိယအိမ်ထောင်ပြုထားတာ ဖြစ်ပါတယ်။
Claire & Phil Dunphy မိသားစု: Jay ရဲ့ သမီးကြီး Claire ဟာ စည်းကမ်းကြီးပြီး အရာရာကို ထိန်းချုပ်ချင်သူဖြစ်ကာ၊ သူမရဲ့ ခင်ပွန်း Phil ကတော့ ကိုယ့်ကိုယ်ကိုယ် "Cool Dad" လို့ ထင်နေတဲ့ အူကြောင်ကြောင် ကလေးဆန်တဲ့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးပါ။ သူတို့မှာ သမီးကြီး Haley (အလှအပမက်သူ)၊ သမီးလတ် Alex (ပါရဂူအဆင့် ဉာဏ်ကြီးရှင်) နဲ့ သားငယ် Luke (Phil လိုပဲ အူတူတူလေး) ဆိုပြီး သားသမီးသုံးယောက် ရှိပါတယ်။
Mitchell & Cameron မိသားစု: Jay ရဲ့ သားငယ် Mitchell (ရှေ့နေ) နဲ့ သူ့ရဲ့ ချစ်သူ Cameron (ပြဇာတ်ဆန်လွန်းသူ) တို့ဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ ဗီယက်နမ်ကနေ သမီးလေး Lily ကို မွေးစားပြီး ဖခင်နှစ်ဦးအဖြစ် ဘဝကို စိန်ခေါ်ဖြတ်သန်းကြသူတွေ ဖြစ်ပါတယ်။
ဒီလို စရိုက်ချင်း လုံးဝမတူဘဲ ကွဲပြားလွန်းတဲ့ ခေတ်သစ်မိသားစုကြီး သုံးစုကြားက အချစ်၊ အမုန်း၊ အလွဲနဲ့ သံယောဇဉ်တွေကို ရယ်မောကြည်နူးဖွယ် ရှုစားရမှာ ဖြစ်ပါတယ်။ Modern Family ဟာ မိသားစုတိုင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို အကောင်းဆုံး သရော်လှောင်ပြောင်ပြီး စိတ်ခွန်အားပေးနိုင်တဲ့ ထိပ်တန်း Comfort Show ကြီး ဖြစ်ပါတယ်။
My Rating: 8.5/10
AP
Comments: