ဇာတ်လမ်းက Benjamin Franklin Gates (Nicolas Cage) ဟာ အမေရိကန် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ မျိုးရိုးစဉ်ဆက်က အမေရိကန်နိုင်ငံ တည်ထောင်စကာလ Freemasons (လျှို့ဝှက်အဖွဲ့အစည်း) နဲ့ Knights Templar တို့ ချန်ထားခဲ့တဲ့ "ကမ္ဘာ့အကြီးမားဆုံး ရတနာသိုက်ကြီး" ကို ရှာဖွေဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။
ရတနာသိုက်ဆီ ဦးတည်မယ့် နောက်ဆုံးသဲလွန်စဟာ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ရဲ့ နောက်ကျောဘက်မှာ မမြင်ရတဲ့ မင် နဲ့ ရေးသားထားတဲ့ ဝှက်စာမြေပုံဖြစ်နေတာကို Ben တစ်ယောက် ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမဲ့ ရတနာကို ငွေမက်ပြီး အသုံးချချင်တဲ့ သူ့ရဲ့ မဟာမိတ်ဟောင်း Ian Howe က ဒီစာတမ်းကို ခိုးယူဖို့ ကြိုးစားတဲ့အခါ... Ben ဟာ အဖိုးတန် သမိုင်းဝင်စာတမ်းကြီး ဖျက်ဆီးမခံရအောင် ကာကွယ်ဖို့အတွက် သူ့ရဲ့ ကွန်ပျူတာပညာရှင်သူငယ်ချင်း Riley Poole၊ နဲ့အတူ "စာတမ်းကြီးကို ဦးအောင် အရင်ဆုံး ခိုးယူဖို့" ဆုံးဖြတ်လိုက်ရပါတော့တယ်။ ခိုးယူစဥ်မှာ အမျိုးသားမော်ကွန်းတိုက်မှူး Dr. Abigail Chase ပါပါဝင်လာပြီး အစိုးရ FBI အဖွဲ့တွေရဲ့ လိုက်လံဖမ်းဆီးမှု၊ လူဆိုးတွေရဲ့ ရန်ကြားကနေ သမိုင်းဝင် အဆောက်အအုံတွေထဲက ဝှက်စာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းရင်း ရတနာသိုက်ကြီးကို ဘယ်လို ရှာဖွေမလဲဆိုတာ ရင်ဖိုစရာ ရှုစားရမှာပါ။
ဇာတ်ကားတစ်ကားလုံးဟာ သမိုင်းအချက်အလက်တွေ၊ ဒေါ်လာ ၁၀၀ တန်ပေါ်က နာရီပုံရိပ်တွေ၊ အမေရိကန်မြို့တည်ပုံတွေနဲ့ ဝှက်စာတွေကို အကွက်စိပ်စိပ်နဲ့ ဆက်စပ်ဖြေရှင်းသွားတာ ဖြစ်လို့ စုံထောက်/ပဟေဠိ ဝါသနာအိုးတွေအတွက် မျက်တောင်မခတ်တမ်း ကြည့်ရမယ့် အရသာမျိုး ပေးစွမ်းပါတယ်။
National Treasure (2004) ဟာ ရှေးဟောင်းစွန့်စားခန်းအငွေ့အသက်နဲ့ လျှို့ဝှက်ဝှက်စာတွေကို ပေါင်းစပ်ပြီး Disney Style ပေါ့ပေါ့ပါးပါး မိသားစုလိုက် ကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ Top-Tier Adventure ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ အချိန်မရွေး ပြန်ကြည့်ရင်တောင် ပျင်းစရာမကောင်းဘဲ စိတ်အပန်းပြေစေမယ့် လက်ရာတစ်ခုပါ။
My Rating: 8.5/10
AP
Comments: