၂၀၂၂ ခုနှစ်ကုန်ပိုင်းကနေ ၂၀၂၃ ခုနှစ်အစအထိ Disney+ ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ National Treasure: Edge of History ဟာ မင်းသားကြီး Nicolas Cage ရဲ့ နာမည်ကြီး National Treasure ရုပ်ရှင်ကားကြီးတွေကို အခြေခံပြီး  ပြန်လည်ဆန်းသစ်ထားတဲ့ Action-Adventure Mystery စီးရီးတွဲတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အသက် ၂၂ နှစ်အရွယ် မက္ကဆီကို-အမေရိကန် နွယ်ဖွား မိန်းကလေး Jess Valenzuela (Lisette Olivera) ကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ Jess ဟာ ပဟေဠိတွေကို အလွန်တော်ရုံမက အသေးစိတ် အချက်အလက်တွေကို မှတ်မိနိုင်စွမ်းရှိတဲ့ ထက်မြက်သူတစ်ဦးပါ။

တစ်နေ့မှာတော့ သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေဖြစ်သူဆီကနေ ရှေးဟောင်း လက်တင်အမေရိကန် ရတနာကြီးတစ်ခုဆီ ဦးတည်နေတဲ့ ရှေးဟောင်း ပဟေဠိသေတ္တာတစ်လုံးကို ရရှိခဲ့ပါတယ်။ အဆိုပါ ရတနာဟာ မာယာ၊ အက်ဇ်တက်နဲ့ အင်ကာ ယဉ်ကျေးမှု အမျိုးသမီးများက စပိန်ကျူးကျော်သူတွေရန်ကနေ ဝှက်ထားခဲ့တဲ့ ရတနာ ဖြစ်ပါတယ်။ Jess ဟာ သူမ၏ သူငယ်ချင်းအဖွဲ့သားများနှင့်အတူ ဤရတနာကို စကားဝှက်များ၊ ရှေးဟောင်းမြေပုံများကို အဖြေရှာကာ လိုက်လံရှာဖွေရင်း... အခြားတစ်ဖက်ကလည်း ဒီရတနာကို နည်းလမ်းမျိုးစုံနဲ့ လုယူချင်နေတဲ့ ရတနာမှောင်ခိုဈေးကွက်က Billie (Catherine Zeta-Jones) ရဲ့ အန္တရာယ်ကို ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

National Treasure: Edge of History ဟာ Nicolas Cage ရဲ့ မူရင်း ရုပ်ရှင်ကားကြီးတွေကို မမီသော်လည်း... ပဟေဠိ အဖြေရှာ ရှေးဟောင်း ရတနာလိုက်ရှာတဲ့ Adventure အမျိုးအစားကိုမှ ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက်တော့ အပန်းဖြေစရာ စီးရီးတစ်ခု ဖြစ်ပါတယ်။

My Rating:6.5/10

AP