BBC နဲ့ Netflix တို့ကနေ ၂၀၁၃ ကနေ ၂၀၂၂ အထိ ရာသီ  Season ၆ခု (အပိုင်း ၃၆ ပိုင်း) ထုတ်လွှင့်ပြသခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေရဲ့ အသည်းစွဲ ဖြစ်သွားခဲ့တဲ့ Peaky Blinders ဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး Crime Historical Period Drama Masterpiece စီးရီးကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် မင်းသားကြီး Cillian Murphy ရဲ့ သရုပ်ဆောင်ချက်၊ စတိုင်လ်ကျလှတဲ့ ရိုက်ကူးတင်ဆက်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသည်းစွဲ ဖြစ်ခဲ့တာပါ။

ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ် (Birmingham) မြို့ရဲ့ မှောင်မိုက်စုတ်ပြတ်လှတဲ့ စက်မှုဇုန်ရပ်ကွက်တွေကို နောက်ခံထားထားပါတယ်။ စစ်ပွဲထဲကနေ စိတ်ဒဏ်ရာ တွေနဲ့ ပြန်လာခဲ့တဲ့ Tommy Shelby (Cillian Murphy) နဲ့ သူ့ရဲ့ Shelby မိသားစုဟာ လောင်းကစားနဲ့ လမ်းဘေးဂိုဏ်းစတားအဖြစ်စတင်ခဲ့တဲ့ "Peaky Blinders" ဆိုတဲ့ ဂိုဏ်းကို ဦးဆောင်နေသူတွေဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ သာမန် လမ်းဘေးလောင်းကစားဂိုဏ်းလေးတစ်ခုကနေ ဘာမင်ဂမ်မြို့နယ်တစ်ခွင်၊ ထိုမှတစ်ဆင့် လန်ဒန်မြို့ပြ၊ အိုင်ယာလန်တော်လှန်ရေးတပ်ဖွဲ့များ၊ အမေရိကန်မာဖီးယားများ၊ ဗြိတိသျှ ပါလီမန်နိုင်ငံရေးနဲ့ ဖက်ဆစ်ဝါဒတွေအထိ အာဏာစက် ချဲ့ထွင်လာပုံကို သမိုင်းနောက်ခံဆွဲဆောင်မှုအပြည့်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Peaky Blinders ဟာ ဂိုဏ်းစတားကား ကြိုက်သူတွေအတွက်သာမက၊ နိုင်ငံရေး လှည့်ကွက်များ၊ စတိုင်လ်ကျကျ ရိုက်ကူးမှုများနှင့် သမိုင်းနောက်ခံ ဒရမ်မာကားကောင်း ကြည့်ချင်သူများအတွက် မဖြစ်မနေ ကြည့်သင့်သည့် Top-Tier Masterpiece Series ကြီး ဖြစ်ပါတယ်။

My Rating: 9/10

AP