ဒါရိုက်တာ Rose Glass ရဲ့ ပွဲဦးထွက် လက်ရာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး A24 ကနေ ဖြန့်ချိခဲ့တဲ့ Saint Maud (2019) ဟာ သွေးထွက်သံယို အခြောက်အလှန့်တွေကို အဓိကမထားဘဲ၊ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းမှုနဲ့ ဘာသာရေးအစွန်းရောက်မှုကို အနုပညာဆန်ဆန် ပုံဖော်သွားတဲ့  Psychological Thriller ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Maud (Morfydd Clark) ဟာ အတိတ်က ဆေးရုံတစ်ခုမှာ အလုပ်လုပ်ရင်း စိတ်ဒဏ်ရာရစရာ အမှားတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့တဲ့ သူနာပြုဆရာမလေးတစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ ကက်သလစ်ဘာသာရေးအပေါ် အလွန်အမင်း သက်ဝင်ယုံကြည်လာပြီး ဘုရားသခင်က သူမနဲ့ တိုက်ရိုက်စကားပြောနေတယ်လို့ပါ ထင်မှတ်လာပါတော့တယ်။

Maud ဟာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရပြီး စိတ်ကြိုက်ပေါ့ပေါ့ပါးပါး နေထိုင်တတ်တဲ့ ကချေသည်ဟောင်း အမျိုးသမီးကြီး Amanda (Jennifer Ehle) ရဲ့ အိမ်တွင်း သူနာပြုအဖြစ် အလုပ်ရခဲ့ပါတယ်။ အစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် Maud ဟာ Amanda ရဲ့ လွတ်လပ်လွန်းတဲ့ လူနေမှုစရိုက်တွေကို မြင်တွေ့လာရတဲ့အခါ... ဘုရားသခင်က သူမကို စေခိုင်းလိုက်တဲ့ မစ်ရှင်ဟာ "Amanda ရဲ့ ဝိညာဉ်ကို ငရဲမကျအောင် ကယ်တင်ဖို့" ဖြစ်တယ်လို့ တစ်ကိုယ်တော် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒီလိုနဲ့ Maud ရဲ့ ကယ်တင်ရှင်စိတ်ကူး ဟာ ဖြည်းဖြည်းချင်းကနေ စိတ္တဇဝေဒနာအသွင် ပြောင်းလဲလာပြီး၊ ဘာသာရေးအစွန်းရောက်မှုရဲ့ ခြောက်ခြားဖွယ်ရာ အမှောင်တွင်းထဲ ဘယ်လို သက်ဆင်းသွားမလဲဆိုတာကို ဇာတ်ရှိန်အေးအေးနဲ့ ရင်ဖိုစရာ ရှုစားရမှာပါ။

Saint Maud (2019) ဟာ သာမန် Horror ကားတွေထက် သာလွန်ပြီး လူသားတစ်ယောက်ရဲ့ "အထီးကျန်မှု၊ စိတ်ဒဏ်ရာနဲ့ ဘာသာရေးကို ဒိုင်းလုပ်ပြီး အစွန်းရောက်သွားပုံ" ကို ထိထိမိမိ မီးမောင်းထိုးပြထားတဲ့ High-Art Psychological Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။ A24 Production ရဲ့ အမှောင်ဖက်ခြမ်း ရုပ်ရှင်စတိုင်တွေကို ကြိုက်နှစ်သက်တဲ့ Mystery/Thriller ဝါသနာအိုးတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်ခင်ဗျာ။

My Rating: 6.5/10

AP