ဇာတ်လမ်းသည် Krypton ဂြိုဟ်ကြီး ပျက်စီးသွားပြီးနောက် ပျက်စီးနေသော အပျက်အစီးပေါ်တွင် ဒုက္ခပေါင်းစုံဖြင့် အရွယ်ရောက်လာခဲ့ရသည့် Kara Zor-El (Supergirl) ၏ ဘဝကို စတင်မိတ်ဆက်ထားသည်။ စိတ်ဒဏ်ရာများဖြင့် ကြီးပြင်းလာခဲ့ရသည့် Kara သည် တာဝန်ယူလိုစိတ်မရှိဘဲ ဂြိုဟ်အသီးသီးသို့ သွားရောက်ကာ အရက်သောက်ရင်း ဘဝကို ပေါ့ပေါ့ပါးပါး ကုန်ဆုံးနေသူတစ်ဦးဖြစ်သည်။ သို့သော်လည်း သူမ၏ တစ်ခုတည်းသော အဖော် ခွေးကလေး Krypto အား အာကာသဓားပြ Krem of the Yellow Hills က ရက်စက်စွာ တိုက်ခိုက်လိုက်သောအခါတွင်တော့ ဇာတ်လမ်းက လုံးဝပြောင်းလဲသွားခဲ့သည်။
ဒါရိုက်တာ Craig Gillespie ၏ ဖန်တီးပုံမှာ ပုံမှန် Super Hero ရုပ်ရှင်ပုံစံခွက်ထဲမှ ခွဲထွက်နေခြင်းက အဓိက သာလွန်သည့် ကောင်းကွက် ဖြစ်သည်။ Milly Alcock ၏ သရုပ်ဆောင်ချက်မှာ အရမ်းကို ပြတ်သားပြီး စိတ်ဒဏ်ရာကြောင့် ကြမ်းတမ်းနေသော်လည်း အတွင်းစိတ်ထဲတွင် နူးညံ့မှုရှိသော Anti-Hero ပုံစံ Supergirl အဖြစ် အပြည့်အဝ အသက်ဝင်ခဲ့သည်။
ဆိုးကွက် အနေဖြင့် ကြည့်ပါက ဇာတ်လမ်းမှာ အာကာသခရီးစဉ် စတင်ချိန်တွင် အနည်းငယ် လေးလံထိုင်းမှိုင်းနေသလို ခံစားရပြီး၊ ပုံမှန် Superman ၏ စံပြသူရဲကောင်းပုံစံကို မျှော်လင့်ထားသည့် ကြည့်ရှုသူများအတွက် Kara ၏ ကြမ်းတမ်းမှုနှင့် ခပ်အေးအေး စရိုက်က အနည်းငယ် အစိမ်း ဖြစ်နေနိုင်သည်။ ထို့ပြင် ဇာတ်ကောင် အများအပြားပါဝင်လာသဖြင့် အချို့သော ဗီလိန်များနှင့် ဇာတ်ကောင်များ၏ အခန်းကဏ္ဍမှာ ထင်သလောက် ဇာတ်အိမ်မခိုင်မာခဲ့ပေ။
ခြုံငုံပြောရလျှင် Supergirl (2026) သည် DCU ရဲ့ မတူညီသော ရုပ်ရှင်စတိုင်နှင့် ရင့်ကျက်သည့် ရိုက်ကူးဟန်ကို မိတ်ဆက်ပေးလိုက်သည့် ရုပ်ရှင်ကောင်းတစ်ခုဖြစ်သည်။ ပုံမှန် superhero ရုပ်ရှင်များကို ငြီးငွေ့နေသူများ၊ Sci-Fi Space Western အမျိုးအစားကို နှစ်သက်သူများ၊ Marvel/DC ၏ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းများထက် Dark & Emotional Themes များကို အလေးပေးထားသည့် ဇာတ်လမ်းမျိုး ကြည့်ချင်သူများအတွက် မဖြစ်မနေ ကြည့်ရှုသင့်သည့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
My Rating: 7/10
AP
Comments: