ဇာတ်လမ်းကတော့ စူပါဟီးရိုးတွေကို "Vought International" ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ကုန်ပစ္စည်းတစ်ခုလို ထိန်းချုပ် ရောင်းချနေတဲ့ ခေတ်ပြိုင်ကမ္ဘာမှာ စတင်ထားပါတယ်။ ပြည်သူတွေကတော့ ဒီဟီးရိုးတွေကို ဘုရားသခင်လို ကိုးကွယ်နေကြပေမဲ့ တကယ်တော့ သူတို့ဟာ ရာထူး၊ အာဏာနဲ့ စိတ်ဓာတ်ဖိစီးမှုတွေကြားမှာ ယိုယွင်းပျက်စီးနေတဲ့ လူဆိုးတွေဖြစ်နေကြတာပါ။ ဒါကို မခံမရပ်နိုင်ဖြစ်ပြီး စူပါဟီးရိုးတစ်ယောက်ရဲ့ မတော်တဆမှုကြောင့် ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ Hughie နဲ့ စူပါဟီးရိုးတွေကို အမြစ်ဖြတ်ချင်တဲ့ Billy Butcher တို့ ပူးပေါင်းကာ "The Boys" ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းပြီး စူပါဟီးရိုးတွေကို တိုက်ခိုက်ဖို့ ကြိုးစားကြပါတော့တယ်။
ဒီဇာတ်လမ်းတွဲရဲ့ အဓိက ဆွဲဆောင်မှုကတော့ "စူပါဟီးရိုးတွေမှာ အကန့်အသတ်မရှိတဲ့ အာဏာရှိနေရင် ဘာဖြစ်မလဲ" ဆိုတဲ့ မေးခွန်းကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုက်ပြသသွားတာပါပဲ။ ဒါ့အပြင် စီးပွားရေး၊ နိုင်ငံရေး၊ မီဒီယာ လှည့်ကွက်တွေနဲ့ လူမှုကွန်ရက်ပေါ်က ဟန်ပြပုံရိပ်တွေကို ဟာသနှောပြီး ထိထိမိမိ သရော်ထားတာကြောင့် ကြည့်ရှုသူကို ရင်တမမနဲ့ စွဲလမ်းစေခဲ့ပါတယ်။
ခြုံငုံပြောရရင် The Boys ဟာ Marvel သို့မဟုတ် DC စူပါဟီးရိုး ဇာတ်ကားတွေနဲ့ လုံးဝမတူဘဲ ပလက်ဖောင်းသစ်တစ်ခုကို ဖန်တီးပြလိုက်တဲ့ တော်လှန်သော TV Series တစ်ခု ဖြစ်ပါတယ်။ အမှောင်ဘက်ခြမ်းရောက်နေတဲ့ လူ့သဘာဝနဲ့ အာဏာရဲ့ အဆိပ်အတောက်ဖြစ်မှုကို ပွင့်လင်းစွာ စိန်ခေါ်ထားတဲ့ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: