ဇာတ်လမ်းသည် လန်ဒန်မြို့၏ စောင့်ကြည့်ကင်မရာ (CCTV) ကွန်ရက်များနှင့် ဗီဒီယိုအတုပြုလုပ်သည့် Deepfake နည်းပညာကို အဓိကထား၍ ရိုက်ကူးထားခြင်းဖြစ်သည်။ Season 1 တွင် စစ်ပွဲမှ ပြန်လာသည့် စစ်သား Shaun Emery သည် ကင်မရာထဲတွင် ပြစ်မှုကျူးလွန်နေသလို ဗီဒီယို အထောက်အထားမိသော်လည်း မိမိကိုယ်ကိုယ် အပြစ်မရှိကြောင်း ငြင်းဆိုရာမှ စတင်သည်။ စုံထောက် Rachel Carey က ဤအမှုကို စုံစမ်းရင်း အစိုးရနှင့် ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ "Correction" ဟုခေါ်သည့် ဗီဒီယိုများကို အချိန်နဲ့တစ်ပြေးညီ ပြုပြင်ဖန်တီးနိုင်သော လျှို့ဝှက်နည်းပညာနှင့် စနစ်အောက်သို့ ရောက်ရှိသွားသည်။ Season 2 နှင့် Season 3 တို့တွင်လည်း နိုင်ငံရေး၊ မီဒီယာ၊ AI နည်းပညာနှင့် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုများကို ကြိုးကိုင်ခြယ်လှယ်သည့် ပိုမိုကြီးမားသည့် နိုင်ငံတကာအဆင့် အကြမ်းဖက်မှု၊ ပထဝီနိုင်ငံရေးလှည့်ကွက်များနှင့် အစိုးရအတွင်းပိုင်း လှို့ဝှက်ချက်များဆီသို့ အကြိတ်အနယ် တိုးမြှင့်ရိုက်ကူးထားသည်။
နဂိုကတည်းက စိစစ်ရခက်သည့် နည်းပညာခေတ်ကြီးထဲတွင် အမှန်တရားကို လိုက်လံရှာဖွေရသည့် The Capture သည် လက်ရှိကာလအတွက် အရမ်းကို ထိမိသည့် Techno-Thriller စီးရီးတစ်ခုဖြစ်သည်။
My Rating: 7.8/10
AP
Comments: