ဇာတ်လမ်းရဲ့ အဓိကအစကတော့ မျူးတန့်တွေကို လိုက်လံဖမ်းဆီး တရားစွဲဆိုရတဲ့ အစိုးရရှေ့နေတစ်ဦးရဲ့ သားနဲ့သမီးမှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိနေမှန်း သိရှိသွားချိန်ကစလို့ မိသားစုလိုက် ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားကြရခြင်းပဲ ဖြစ်ပါတယ်။ အစိုးရရဲ့ လိုက်လံဖမ်းဆီးမှုရန်ကနေ လွတ်မြောက်ဖို့အတွက် Mutant Underground လို့ခေါ်တဲ့ မြေအောက်တော်လှန်ရေး အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့ကြရပါတယ်။ Season 1 မှာတော့ အသက်ရှင်ကျန်ရစ်ရေးနဲ့ မိသားစုကို ကာကွယ်ဖို့ ရုန်းကန်ရပုံတွေကို ရင်သပ်ရှုမောဖွယ် တင်ဆက်ထားပြီး Season 2 မှာတော့ အယူအဆ မတူညီကြတော့ဘဲ အဖွဲ့နှစ်ဖွဲ့ကွဲကာ အချင်းချင်း ထိပ်တိုက်တွေ့ကြရသည့် အခင်းအကျင်းသို့ ပိုမိုနက်ရှိုင်းစွာ ကူးပြောင်းသွားပါတယ်။ အထူးသဖြင့် X-Men အဖွဲ့နဲ့ Brotherhood အဖွဲ့တို့ရဲ့ အမွေအနှစ်တွေ ကျန်ရစ်နေသေးကြောင်း ပြသနေတဲ့ အယူအဆရေးရာ ပဋိပက္ခများ၊ စွမ်းအားသစ်များ ထုတ်ဖော်ပြသမှုနဲ့ အလှည့်အပြောင်း ဇာတ်ကွက်များဟာ စီးရီးတစ်ခုလုံးကို ဆွဲဆောင်အား အပြည့်ရှိစေခဲ့ပါတယ်။
ဒီစီးရီးရဲ့ အားသာချက် ကောင်းကွက်တစ်ခုကတော့ ရုပ်ရှင်ကားကြီးတွေလို ဘတ်ဂျက်အများကြီး မသုံးစွဲထားရသော်လည်း ထိရောက်ပြီး ကြည့်ကောင်းတဲ့ အထူးပြုလုပ်ချက် (VFX) စွမ်းရည်များကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကာရိုက်တာတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်၊ အနက်ရှိုင်းဆုံးသော ပဋိပက္ခများနှင့် စွမ်းအားများကို အသုံးချပုံ ရိုက်ကူးဟန်များမှာ အလွန်ပင် သပ်ရပ်လှပါတယ်။ အထူးသဖြင့် Polaris ရဲ့ စရိုက်နဲ့ စွမ်းအားတွေကို ပုံဖော်သွားမှုဟာ ပရိသတ်ကို အစွဲအလန်းဆုံး ဖြစ်စေခဲ့ပါတယ်။
ခြုံငုံပြောရရင်တော့ The Gifted Season 1 & 2 ဟာ X-Men Universe ရဲ့ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ ရှုမြင်ချင်သူများအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Sci-Fi Drama စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။ စူပါဟီးရိုး အက်ရှင် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ၊ Marvel နဲ့ X-Men Univers အကြောင်း စိတ်ဝင်စားသူများအပြင် မိသားစု မေတ္တာနဲ့ အယူအဆရေးရာ တိုက်ပွဲတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုချင်ကြတဲ့ ပရိသတ်များအတွက် အကြိုက်တွေ့စေမည့် စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။
My Rating: 7.5/10
AP
Comments: