ဇာတ်လမ်းက ၁၉ ရာစု ဗစ်တိုးရီးယားခေတ် လန်ဒန်မြို့ပြကြီးရဲ့ မှောင်မိုက်စုတ်ပြတ်လှတဲ့ မြေအောက်ခန်းတစ်ခုမှာ မိဘမဲ့ လမ်းသရဲဆယ်ကျော်သက် လေးယောက်ဖြစ်တဲ့ စုံထောက်ဉာဏ် ရှိတဲ့Bea၊ သူ့ရဲ့ ထူးဆန်းတဲ့ အနာဂတ်ဟောအိပ်မက်တွေမက်တတ်တဲ့ ညီမလေး Jessie၊ အမြဲတမ်း ရန်ပွဲမက်တဲ့ Billy နဲ့ လူလည်လေး Spike တို့ စုပေါင်းရှင်သန်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ၂၂၁-ဘီ ဘေကာလမ်းက အလွန်မောက်မာပြီး လျှို့ဝှက်ချက်များတဲ့ Dr. John Watson ရောက်လာပြီး... လန်ဒန်မြို့မှာ ဖြစ်ပွားနေတဲ့ ထူးဆန်းဆန်းပြားလွန်းတဲ့ ကလေးပြန်ပေးဆွဲမှုတွေ၊ လူသတ်မှုတွေကို စုံစမ်းဖို့ ပိုက်ဆံပေးပြီး ငှားရမ်းခဲ့ပါတယ်။
ဒီလိုနဲ့ လမ်းသရဲကလေးတွေအဖွဲ့ (သူတို့နဲ့အတူ တော်ဝင်နန်းတော်ထဲကနေ တိတ်တဆိတ် ထွက်ပြေးလာတဲ့ မင်းသားလေး Leo ပါ ပူးပေါင်းပြီး) ဟာ အမှုတွေကို လိုက်လံစုံစမ်းကြပါတော့တယ်။ ဒါပေမဲ့ ဒီအမှုတွေဟာ သာမန်လူသတ်မှုတွေမဟုတ်ဘဲ ကမ္ဘာကြီးနဲ့ တခြားကမ္ဘာကြားက အက်ကြောင်း ပွင့်သွားလို့ ထွက်ပေါ်လာတဲ့ မိစ္ဆာတွေ၊ စုန်းကဝေပညာတွေ ပါဝင်နေတဲ့အပြင်... ၎င်းတို့ရဲ့ နောက်ကွယ်မှာ ဘိန်းစွဲပြီး စိတ္တဇဖြစ်နေတဲ့ စုံထောက်ကြီး Sherlock Holmes ကိုယ်တိုင် ဘယ်လိုမျိုး ပတ်သက်နေလဲဆိုတာကို ရင်ဖိုစရာ ဖော်ထုတ်သွားရမှာ ဖြစ်ပါတယ်။
The Irregulars ဟာ Sherlock Holmes ရဲ့ နာမည်ကို အသုံးချပြီး ဖန်တီးထားတဲ့ ခပ်ဆန်းဆန်း Teen Gothic Horror စီးရီးတစ်ခု ဖြစ်ပါတယ်။ အပြစ်ပြောစရာမရှိတဲ့ Masterpiece မျိုး မဟုတ်ပေမယ့်... အဝါရောင်မြူဆိုင်းနေတဲ့ လန်ဒန်မြို့ပြရဲ့ လျှို့ဝှက်ဆန်းကြယ် မှော်အတတ်တွေ၊ စုန်းကဝေအမှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ အမှောင်ဖက်ခြမ်း ပုံစံမျိုး ကြည့်ရှုချင်သူတွေအတွက်တော့ ဖျော်ဖြေမှုပေးနိုင်မယ့် အပန်းဖြေကားကောင်း ဖြစ်ပါတယ်။
MY Rating: 7.5/10
AP
Comments: