The Lord of the Rings: The Fellowship of the Ring ဟာ ၂၀၀၁ ခုနှစ်မှာ ဒါရိုက်တာ Peter Jackson က ရိုက်ကူးပုံဖော်ခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံးနှင့် သြဇာအကြီးမားဆုံး Epic Fantasy နှင့် Adventure အမျိုးအစား ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အင်္ဂလိပ်စာရေးဆရာကြီး J.R.R. Tolkien ၏ ၁၉၅၄ ခုနှစ်ထွက် နာမည်ကျော် High Fantasy စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး၊ Tolkien ၏ ရေးဖွဲ့မှုပုံစံဟာ ခေတ်သစ် Fantasy စာပေလောက၏ ပင်မအုတ်မြစ်ကြီးအဖြစ် ယနေ့တိုင် အသိအမှတ်ပြုခံထားရဆဲ ဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ Frodo Baggins အဖြစ် Elijah Wood ၊ မှော်ဆရာကြီး Gandalf အဖြစ် Ian McKellen ၊ Aragorn အဖြစ် Viggo Mortensen တို့အပြင် Sean Astin, Orlando Bloom, Sean Bean, Cate Blanchett နှင့် Liv Tyler စသည့် ကမ္ဘာကျော် သရုပ်ဆောင်ပေါင်းများစွာက သက်ဝင်လှပစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းမှာ Middle-earth ဟုခေါ်သော ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အမှောင်သခင် Sauron ၏ ဖျက်အားပြင်း "တစ်ကွင်းတည်းသော လက်စွပ်" (The One Ring) ဟာ မထင်မှတ်ဘဲ Hobbit လူပုလေး Frodo Baggins ထံသို့ ရောက်ရှိလာခြင်းမှ စတင်ခဲ့ပါတယ်။ ဒီလက်စွပ်ကို အမှောင်ထုလက်ထဲ မရောက်စေရန်နှင့် စကြာဝဠာကြီးကို ကယ်တင်ရန်အတွက် လက်စွပ်စတင်ပြုလုပ်ခဲ့သည့် Mount Doom မီးတောင်ထဲသို့ သွားရောက်ဖျက်ဆီးရမည်ဖြစ်ပါတယ်။ ဒီခက်ခဲလွန်းသည့် ခရီးစဉ်အတွက် လူပုများ၊လူသားများ၊ Elf နှင့် Dwarf မျိုးနွယ်များ ပါဝင်သည့် အဖွဲ့ဝင် (၉) ဦးပါ "Fellowship" ကို ဖွဲ့စည်းကာ စွန့်စားခန်းထွက်ခွာကြရပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်ကား၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အချက်မှာ Middle-earth ခေါ် ဒဏ္ဍာရီကမ္ဘာကြီးကို အပြင်မှာ တကယ်ရှိနေသကဲ့သို့ ပရိသတ်တွေ ခံစားရအောင် မြို့ပြ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း နောက်ခံများကို အသေးစိတ်ကျကျ ပုံဖော်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
The Lord of the Rings: The Fellowship of the Ring ဟာ ရုပ်ရှင်ဖန်တီးမှု နည်းပညာ၊ ဇာတ်လမ်းအကွက်အကွင်းနှင့် ဂီတပိုင်းဆိုင်ရာတို့မှာ ပြည့်စုံလွန်းသည့်အတွက် အခုအချိန်ထိ ကြည့်ကောင်းဆဲဇာတ်ကားတစ်ကားဖြစ်ပါသည်။
My Rating: 9.5/10
AP
Comments: