The Lord of the Rings: The Two Towers ဟာ ဒါရိုက်တာ Peter Jackson က ရိုက်ကူးပုံဖော်ခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံးနှင့် သြဇာအကြီးမားဆုံး Epic Fantasy နှင့် Adventure အမျိုးအစား ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အင်္ဂလိပ်စာရေးဆရာကြီး J.R.R. Tolkien ၏ ၁၉၅၄ ခုနှစ်ထွက် နာမည်ကျော် High Fantasy စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး၊ Tolkien ၏ ရေးဖွဲ့မှုပုံစံဟာ ခေတ်သစ် Fantasy စာပေလောက၏ ပင်မအုတ်မြစ်ကြီးအဖြစ် ယနေ့တိုင် အသိအမှတ်ပြုခံထားရဆဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ပထမကားအဆက်မှာတင် လက်စွပ်သယ်တဲ့အဖွဲ့ ပြိုကွဲသွားခဲ့ပြီးနောက် လမ်းခွဲအသီးသီး ဖြစ်သွားကြပုံနဲ့ စတင်ထားပါတယ်။ ဖရိုဒိုနဲ့ ဆမ်တို့ဟာ ဖျက်ဆီးရမည့် လက်စွပ်ကြီးကို ကိုင်ဆောင်ကာ မောဒေါ (Mordor) ပြည်သို့ ခရီးဆက်နေစဉ် လက်စွပ်ကို တမ်းတနေသည့် ဂိုလမ် (Gollum) နဲ့ ဆုံတွေ့ပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားကြပါတယ်။ အခြားတစ်ဖက်မှာတော့ အာရာဂွန်၊ လီဂိုလက်စ်နဲ့ ဂင်မ်လီတို့ဟာ Orc တပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ ဟော့ဘစ်ငယ်နှစ်ဦးကို လိုက်လံကယ်တင်ရင်း Rohan တိုင်းပြည်ရဲ့ စစ်ပွဲကြီးအတွင်းသို့ ပါဝင်လာခဲ့ကြပါတယ်။ ဆာရူမန်ရဲ့ သောင်းချီသော စစ်တပ်ကြီးနဲ့ ရိုဟန်ပြည်သူတို့ကြား ယှဉ်ပြိုင်ရသည့် 'ဟဲလ်မ်စ်ဒီးပ် တိုက်ပွဲ' ဟာဆိုရင် ဒီဇာတ်ကားရဲ့ အသက်ရှုမှားစရာ အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
The Lord of the Rings: The Two Towers ဟာ ပထမကားထက် ပိုမိုမှောင်မိုက်၊ ပိုမိုကြီးကျယ်ပြီး Action ပိုင်းမှာ အားရကျေနပ်စရာ ကောင်းလွန်းသည့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို ဖန်တီးပုံဖော်ထားမှုနဲ့ အနုပညာမြောက် စစ်ပွဲမြင်ကွင်းတွေကို ကြည့်ရှုချင်သူများ၊ ဖန်တစီနဲ့ စွန့်စားခန်း ဇာတ်ကားကြိုက်နှစ်သက်သူများအနေနဲ့ မဖြစ်မနေ ကြည့်ရှုသင့်သည့် ရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
My Rating: 9.5/10
AP
Comments: