ဒီဇာတ်ကားမှာတော့ မူလဇာတ်လမ်းပြီးဆုံးပြီး နှစ်ပေါင်း ၆၀ ခန့်အကြာမှာ ဇာတ်အိမ်ပြန်စထားပါသည်။ Neo ဟာ Thomas Anderson အမည်နဲ့ Game Developer တစ်ယောက်အဖြစ် နေထိုင်နေပြီး သူကိုယ်တိုင် ဖန်တီးခဲ့သည့် "The Matrix" ဆိုသည့် ဂိမ်းကြောင့် အောင်မြင်နေသူဖြစ်ပါသည်။ သို့သော်လည်း သူ၏ တကယ်စစ်မှန်သော အတိတ်အမှတ်ရစရာများနဲ့ အိပ်မက်ဆိုးများကို စိတ်ရောဂါအဖြစ် ထင်မှတ်ကာ ကုသဆေးများ သောက်သုံးနေရသူဖြစ်ပါသည်။
စိတ်ဝင်စားဖွယ်ရာမှာ အတိတ်ကလိုပဲ Morpheus နှင့် Bugs ဆိုသည့် တော်လှန်ရေးသမားသစ်များ ရောက်ရှိလာပြီး ဆေးနီ ကို ပြန်လည်ရွေးချယ်စေခဲ့ရာမှ Thomas တစ်ယောက် မေးခွန်းထုတ်စရာ ဖြစ်နေသည့် သူ၏ အစစ်အမှန် စက်ရုပ်များစိုးမိုးရာ ကမ္ဘာကြီးထဲသို့ ပြန်လည်နိုးထလာခဲ့ပါသည်။ ဒီဇာတ်ကား၏ အဓိကဆွဲဆောင်မှုကတော့ သာမန် Sci-Fi အက်ရှင်တစ်ခုတည်းမဟုတ်ဘဲ စက်ရုပ်တွေရဲ့ Matrix စနစ်သစ်ထဲမှာ ပိတ်လှောင်ခံထားရသည့် သူ၏အချစ်ဦး Trinity ကို ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားသည့် Neo နှင့် Trinity တို့၏ ခိုင်မြဲသော အချစ်ဇာတ်လမ်း ကို အဓိက ပုံဖော်ထားခြင်းပဲဖြစ်ပါသည်။
နိဂုံးချုပ်ရလျှင် The Matrix Resurrections သည် ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့သည့် မက်ထရစ်ကားကြီးကို လိုက်မီရန် ကြိုးစားထားသည့် ဇာတ်ကားမျိုးမဟုတ်ဘဲ၊ ခေတ်သစ် အမှတ်တရ Nostalgia တစ်ခုနှင့် Neo-Trinity တို့၏ အချစ်ကို ဦးစားပေးပုံဖော်ထားသည့် မတူညီသော စတိုင်လ်သစ် ရုပ်ရှင်တစ်ကားဖြစ်ပါသည်။
My Rating:6.5/10
AP
Comments: