ဇာတ်လမ်းက ပထမဇာတ်လမ်းတွေပြီးနောက် နှစ်အတော်ကြာချိန် (၁၉၄၆ ခုနှစ်) မှာ Rick O'Connell ) နဲ့
Evelyn တို့ ဇနီးမောင်နှံဟာ စွန့်စားခန်းတွေကနေ အနားယူပြီး အင်္ဂလန်မှာ ပျင်းစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းနေကြပါတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့ သားဖြစ်သူ Alex O'Connell ဟာ ကောလိပ်ကျောင်းကနေ ထွက်ပြီး မိဘတွေမသိအောင် တရုတ်ပြည်က ရှေးဟောင်းသင်္ချိုင်းတစ်ခုကို သွားရောက်တူးဖော်နေခဲ့ပါတယ်။
Alex ဟာ နှစ်ပေါင်း ထောင်ကျော် ကျိန်စာသင့်ပြီး ရွှံ့စေးရုပ်တု အဖြစ် ပြောင်းလဲနေတဲ့ စွမ်းအားကြီး တရုတ်ဧကရာဇ်မင်းကြီး Han ရဲ့ ဂူဗိမာန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်စစ်ဗိုလ်ချုပ်တစ်စုရဲ့ သစ္စာဖောက်မှု၊ အသုံးချမှုတွေကြောင့် ဧကရာဇ်မင်းကြီး ဟန် ဟာ မာမီအဖြစ် ပြန်လည်နိုးထလာပြီး သူ့ရဲ့ သေဆုံးသွားတဲ့ စစ်တပ်ကြီးကိုပါ ပြန်လည်နှိုးဆွကာ ကမ္ဘာကို သိမ်းပိုက်ဖို့ ကြိုးစားပါတော့တယ်။ ဒါကြောင့် Rick နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သားဖြစ်သူ Alex၊ အမြဲတမ်း ပြဿနာရှာတတ်တဲ့ ဦးလေး Jonathan တို့နဲ့အတူ မာမီဧကရာဇ်ကြီးကို တားဆီးဖို့ စွန့်စားခန်းအသစ် ဖွင့်လှစ်ရပါတော့တယ်။
The Mummy: Tomb of the Dragon Emperor (2008) ဟာ ပထမကားနှစ်ကားရဲ့ မြင့်မားလှတဲ့ စံနှုန်းတွေကို မမီခဲ့တာကြောင့် The Mummy ဇာတ်ကားတွေထဲမှာ အားနည်းဆုံးကားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို အလေးအနက်မထားဘဲ၊ အဓိက မင်းသမီး ပြောင်းသွားတာကို ခဏမေ့ထားပေးနိုင်ရင်တော့— Jet Li ရဲ့ သိုင်းကွက်တွေ၊ ဟာသတွေနဲ့ ၂ နာရီစာ ပေါ့ပေါ့ပါးပါး အချိန်ဖြုန်းကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။
My Rating: 6/10
AP
Comments: