ဇာတ်လမ်းသည် အဝေးပြေးလမ်းမပေါ်က မတော်တဆဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာရရှိထားသည့် ရဲအရာရှိ Edward Malus ထံသို့ ရည်းစားဟောင်း ဖြစ်သူ၏ စာတစ်စောင် ရောက်ရှိလာခြင်းမှ စတင်ထားပါသည်။ သူမ၏ သမီးငယ်လေး Rowan သည် သီးခြားခွဲထွက်နေသည့် Summersisle ခေါ် ကျွန်းငယ်လေးတစ်ခုပေါ်တွင် ပျောက်ဆုံးနေသဖြင့် လာရောက်ကူညီစုံစမ်းပေးရန် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ပါသည်။ Edward တစ်ယောက် ထိုကျွန်းသို့ ရောက်ရှိသွားသောအခါ ကျွန်းသူကျွန်းသားများသည် သာမန်မဟုတ်ဘဲ စိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးကို အဓိကထားသည့်၊ အမျိုးသမီးများသာ စိုးမိုးအုပ်ချုပ်သည့် ရှေးဟောင်းဘာသာရေး ဂိုဏ်းခွဲတစ်ခုလို ကျင့်သုံးနေသည်ကို တွေ့ရှိလိုက်ရပါသည်။
ကျွန်းပေါ်ကလူများ၏ မသင်္ကာဖွယ်ရာ ငြင်းဆန်မှုများ၊ လျှို့ဝှက်ဆန်းကြယ်မှုများကြားမှ ရဲအရာရှိ Edward သည် Rowan ကို ရှာဖွေရန် ကြိုးစားရင်း တစ်စတစ်စနှင့် ကျွန်းသူကျွန်းသားများ၏ ရက်စက်ဆန်းကြယ်သည့် ပူဇော်ပွဲဆိုင်ရာ လျှို့ဝှက်ချက်ကြီးထဲသို့ ပိတ်မိသွားခဲ့ပါသည်။
အကျဉ်းချုပ်ရလျှင် The Wicker Man (2006) သည် လေးနက်သည့် Folk Horror ဂန္ထဝင်ကားတစ်ကားအဖြစ် သတ်မှတ်ရန် ခက်ခဲသော်လည်း စုန်းကဝေပုံစံမျိုးကိုမှ အတွေးဆန်းဆန်း ကြည့်ချင်သူတွေအတွက်တော့ အဆင်ပြေတဲ့ ရုပ်ရှင်တစ်ခုပါ။
My Rating: 6.0/10
AP
Comments: