The Big Bang Theory ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ သိပ္ပံပါရဂူကြီး Sheldon Cooper ရဲ့ ငယ်ဘဝကို အခြေခံပြီး ဖန်တီးထားတဲ့ Young Sheldon (2017–2024) ဟာ မူရင်းကားလို Live Audience (ပရိသတ်အော်ဟစ်ရယ်မောသံ) တွေမပါဘဲ... မိသားစုဒရမ်မာ၊ ဟာသနဲ့ ဘဝအမောတွေကို ပိုမိုနက်နဲနွေးထွေးစွာ ပုံဖော်သွားခဲ့တဲ့ဟာသနှင့် မိသားစုဒရမ်မာ စီးရီးကောင်း တစ်ခု ဖြစ်ပါတယ်။
စုစုပေါင်း Season ၇ ခု (အပိုင်း ၁၄၁ ပိုင်း) နဲ့ ပြီးပြည့်စုံစွာ ဇာတ်သိမ်းသွားခဲ့တဲ့အပြင်၊ The Big Bang Theory ကို မကြည့်ဖူးထားရင်တောင် သီးသန့်ကြည့်ပြီး အပန်းဖြေလို့ရတဲ့အထိ ကောင်းမွန်လှပါတယ်။
၁၉၈၉ ခုနှစ်၊ တက္ကဆက်ပြည်နယ်အရှေ့ပိုင်းက အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ အသက် ၉ နှစ်အရွယ် Sheldon Cooper ဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး (IQ ၁၈၇ ရှိတဲ့) ပါရမီရှင် ကလေးငယ်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လူမှုဆက်ဆံရေးပိုင်း မှာ လုံးဝ အဆင်မပြေတဲ့အပြင်၊ းမွှားကြောက်ရောဂါ ရှိပြီး အရာရာကို သူ့စည်းကမ်းအတိုင်းပဲ တိတိကျကျ လုပ်ချင်သူပါ။
ဒီလို ထူးခြားဆန်းပြားလွန်းတဲ့ ကလေးတစ်ယောက်ကြောင့်... ဘောလုံးနည်းပြဖြစ်တဲ့ ဖခင် George Sr.၊ ဘာသာရေးအလွန်ကိုင်းရှိုင်းတဲ့ မိခင် Mary၊ အမြဲတမ်း ရန်ဖြစ်နေရတဲ့ အစ်ကိုကြီး Georgie နဲ့ Sheldon ရဲ့ အမြွှာညီမလေး Missy တို့ Cooper မိသားစုကြီးဟာ Sheldon ကို ပုံမှန်ကလေးတစ်ယောက်လို ကြီးပြင်းလာအောင်၊ လူ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဘယ်လိုမျိုး အသည်းအသန် ထိန်းကျောင်းပေးခဲ့ရလဲဆိုတာကို ရှုစားရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးကိုတော့ အသက်ကြီးသွားတဲ့ Sheldon (Jim Parsons) ကိုယ်တိုင် နောက်ခံအသံအဖြစ် လိုက်လံရှင်းပြပေးထားတာ ဖြစ်ပါတယ်။
Young Sheldon ဟာ မူရင်း The Big Bang Theory ထက်တောင်မှ ဇာတ်လမ်းဇာတ်အိမ် ပိုမိုခိုင်မာပြီး၊ ကမ္ဘာပေါ်က မိသားစုတိုင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ ချစ်ခြင်းမေတ္တာတွေကို ရယ်မောကြည်နူးစရာ ဖြစ်ရပ်တွေနဲ့ ပေါင်းစပ်တင်ဆက်ထားတဲ့ Masterpiece Sitcom တစ်ခု ဖြစ်ပါတယ်။ တစ်ပိုင်းကို မိနစ် ၂၀ ကျော်ပဲ ကြာတာကြောင့် တစ်ထိုင်တည်း ဇာတ်လမ်းတွဲလိုက်ကြည့်ဖို့ အကောင်းဆုံး စီးရီးဖြစ်ပါတယ်။
My Rating: 9/10
AP
Comments: