လူကြိုက်များခဲ့သည့် "Heroes" သည် Sci-Fi, Superhero, Drama အမျိုးအစား TV Series အမျိုးအစားဖြစ်ပြီး NBC ရုပ်သံလိုင်းမှ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ Seasons (၄) ခုတိုင်တိုင် ထုတ်လွှင့်ပြသခဲ့သည့် နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဇာတ်လမ်းက ကမ္ဘာအနှံ့မှာရှိတဲ့ သာမန်လူအချို့ဟာ သူတို့ကိုယ်သူတို့ ထူးဆန်းတဲ့ စွမ်းအားအသီးသီး (စိတ်နဲ့ ပစ္စည်းရွှေ့တာ၊ အနာကျက်မြန်တာ၊ အနာဂတ်ကို မြင်တာ၊ အချိန်ခရီးသွားတာ) ပိုင်ဆိုင်ထားမှန်း သိလာကြပါတယ်။ ဒီအထဲမှာ "Save the Cheerleader, Save the World" ဆိုတဲ့ စာသားနဲ့အတူ စွမ်းအားရှင်တွေကို လိုက်လံသတ်ဖြတ်ပြီး ဦးနှောက်ကို စားသုံးကာ စွမ်းအားလုယူနေတဲ့ Sylar ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ New York မြို့ကြီး ပေါက်ကွဲပျက်စီးမယ့် အနာဂတ်ဘေးဆိုးကြီးကို တားဆီးဖို့ သူတို့အားလုံး ပေါင်းစည်းကြရတာကို  ကြည့်ရှုရမှာပါ။

Marvel သို့မဟုတ် DC ပုံစံ ပုံစံမျိုးမဟုတ်ဘဲ သာမန်လူတွေ၏ ဘဝထဲသို့ စွမ်းအားများ ရောက်ရှိလာပုံကို သဘာဝကျကျနဲ့ ဆွဲဆောင်မှုရှိရှိ ရိုက်ကူးနိုင်ခဲ့တာကြောင့် Season 1 ဟာ TV Series သမိုင်းမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး Season တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ Season 1 ရဲ့ အောင်မြင်မှု လွန်စွာကြီးမားခဲ့ပေမဲ့ ၂၀၀၇-၂၀၀၈ အမေရိကန် စာရေးဆရာများ သပိတ်ကြောင့် Season 2 ဇာတ်လမ်းဟာ တိုတောင်းသွားခဲ့ပြီး ဇာတ်ရှိန် လျှော့ကျသွားခဲ့ရပါတယ်။

ခြုံငုံသုံးသပ်ရရင် Heroes သည် စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲများ၏ ခေတ်သစ်ကို စတင်လမ်းဖောက်ပေးခဲ့သည့် ဂန္ထဝင်မြောက် TV Series တစ်ခုဖြစ်ပါတယ်။ Season 1 ၏ စိမ့်ဝင်စရာ ကောင်းလှသော Mystery, Drama နှင့် Superhero Elements များက မည်သည့်အခါမှ ရိုးအီသွားမည် မဟုတ်ပါ။

My Rating: 7.8/10

AP