ဒီ Spin-off စီးရီးသည် မူရင်း ဇာတ်လိုက် Kazuma နဲ့ မဆုံတွေ့မီ Crimson Demon Clan နယ်မြေမှာ ကြီးပြင်းခဲ့ရသည့် Megumin ရဲ့ အတိတ်ဇာတ်လမ်းကြောင်းကို အဓိက ပုံဖော်ထားတာ ဖြစ်ပါတယ်။ Megumin ဟာ ငယ်စဉ်ကတည်းက ပေါက်ကွဲမှော် (Explosion Magic) ရဲ့ ထူးခြားဆန်းပြားလှသည့် စွမ်းအားကို တစ်သက်တာလုံး ဒီမှော်တစ်မျိုးတည်းကိုပဲ လေ့လာဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ Crimson Magic Academy မှာ ကျောင်းတက်နေစဉ်အတွင်း သူမရဲ့ ပြိုင်ဘက် Yunyun နဲ့အတူ ပညာသင်ယူရင်း မီးပေါက်ကွဲမှုစွမ်းအားကို စွဲလမ်းစွာ လေ့လာလိုက်စားခဲ့သည့် အလွဲများ၊ ကျောင်းတော်၏ ထူးဆန်းသည့် လျှို့ဝှက်ချက်များနှင့်အတူ Kazuma တို့အဖွဲ့နှင့် မဆုံမီ ကမ္ဘာကြီးထဲသို့ စွန့်စားခန်းထွက်ခွာလာပုံများကို ဟာသနှော၍ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
KonoSuba: An Explosion on This Wonderful World! သည် မူရင်း စီးရီး၏ ပရိသတ်များအတွက် Megumin ၏ အတိတ်ဘဝနှင့် သူမ၏ စရိုက်လက္ခဏာများကို ပိုမို ချစ်ခင်လာစေမည့် ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ KonoSuba စီးရီးကို ကြိုက်နှစ်သက်သူများ၊ Isekai နှင့် Comedy Anime အမျိုးအစားများကို ပေါ့ပေါ့ပါးပါး ကြည့်ချင်သူများ၊ Megumin ၏ Fan များအနေဖြင့် လက်မလွှတ်တမ်း ကြည့်ရှုသင့်သည့် Animation စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။
My Rating: 8/10
AP
Comments: